အာဏာရပါက အဆင္သင့္ တာဝန္ယူႏုိင္ဖုိ႔  အရိပ္အစိုးရ ဖြဲ႔စည္းထားေၾကာင္း ျပည္ခုိင္ၿဖဳိး ေျပာ

0
626

အာဏာရခဲ့ပါက  အဆင္သင့္တာဝန္ယူႏုိင္ဖို႔ အရိပ္အစိုးရကဲ့သို႔ေသာအဖဲြ႕မ်ိဳး ဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္း ျပည္ခုိင္ၿဖဳိးပါတီ ေျပာခြင့္ရ ေဒါက္တာနႏၵာလွျမင့္က ေျပာၾကားလုိက္ပါတယ္။

ႏိုဝင္ဘာ ၂၅ ရက္ ရန္ကုန္ ၿမိဳ႕ Orchid ဟိုတယ္မွာ  ၂ဝ၁၈ ၾကားျဖတ္ေရြးေကာက္ပြဲဂယက္ ေခါင္းစဥ္နဲ႔ က်င္းပတဲ့ ေရေႏြး ၾကမ္းစကားဝိုင္းမွာ  အခုလုိေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲဒီအဖြဲ႕ကုိ  ၂၀၁၅ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲရႈံးနိမ့္ၿပီး ၂၀၁၆ ခုႏွစ္ ကက်င္းပတဲ့ ပါတီဒုတိယအႀကိမ္ ညီလာခံအၿပီး အလုပ္အမႈေဆာင္အဖြဲ႔ေရြးခ်ယ္ၿပီး တစ္ၿပိဳက္နက္တည္းမွာ Shadow Cabinet (အရိပ္အစုိးရ အဖြဲ႕) ဖြဲ႕စည္းထားခဲ့တာျဖစ္ေၾကာင္း ေဒါက္တာနႏၵာလွျမင့္က ေျပာပါတယ္။

Shadow Cabinet (အရိပ္ အစိုးရအဖြဲ႕) ဆုိသည္မွာ ၿဗိတိန္ပါလီမန္အတြင္း အတိုက္အခံပါတီက တရား ဝင္ေၾကညာဖြဲ႕စည္းထားေသာအဖြဲ႕ကို ေခၚဆိုတာလည္းျဖစ္သလုိ ခ်က္ခ်င္းအစုိးရ တက္လုပ္နုိင္ဖုိ႔ အရန္သင့္ ဖြဲ႕စည္းထားတဲ့ အဖြဲ႕လည္းျဖစ္ပါတယ္။

လက္ရွိမွာ တုိင္းျပည္ရဲ႕ စီးပြားေရး ၊ ျပည္သူလူထုရဲ႕ စား၀တ္ေနေရး စတဲ့ ကိစၥရပ္ေတြမွာသာမက တုိင္းျပည္တည္ၿငိမ္ေအးခ်မ္းေရး နဲ႔ လုံၿခံဳေရး အတြက္ ဒီေန႔ ထဲထဲ၀င္၀င္ေဆြးေႏြးေနတာ ျဖစ္ေၾကာင္း ေဒါက္တာနႏၵာလွျမင့္က ေျပာၾကားခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>

 

အာဏာရပါက အဆင်သင့် တာဝန်ယူနိုင်ဖို့ အရိပ်အစိုးရ ဖွဲ့စည်းထားကြောင်း ပြည်ခိုင်ဖြိုး ပြော
အာဏာရခဲ့ပါက အဆင်သင့်တာဝန်ယူနိုင်ဖို့ အရိပ်အစိုးရကဲ့သို့သောအဖွဲ့မျိုး ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၂၅ ရက် ရန်ကုန် မြို့ Orchid ဟိုတယ်မှာ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲဂယက် ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ရေနွေး ကြမ်းစကားဝိုင်းမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအဖွဲ့ကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲရှုံးနိမ့်ပြီး ၂၀၁၆ ခုနှစ် ကကျင်းပတဲ့ ပါတီဒုတိယအကြိမ် ညီလာခံအပြီး အလုပ်အမှုဆောင်အဖွဲ့ရွေးချယ်ပြီး တစ်ပြိုက်နက်တည်းမှာ Shadow Cabinet (အရိပ်အစိုးရ အဖွဲ့) ဖွဲ့စည်းထားခဲ့တာဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
Shadow Cabinet (အရိပ် အစိုးရအဖွဲ့) ဆိုသည်မှာ ဗြိတိန်ပါလီမန်အတွင်း အတိုက်အခံပါတီက တရား ဝင်ကြေညာဖွဲ့စည်းထားသောအဖွဲ့ကို ခေါ်ဆိုတာလည်းဖြစ်သလို ချက်ချင်းအစိုးရ တက်လုပ်နိုင်ဖို့ အရန်သင့် ဖွဲ့စည်းထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
လက်ရှိမှာ တိုင်းပြည်ရဲ့ စီးပွားရေး ၊ ပြည်သူလူထုရဲ့ စားဝတ်နေရေး စတဲ့ ကိစ္စရပ်တွေမှာသာမက တိုင်းပြည်တည်ငြိမ်အေးချမ်းရေး နဲ့ လုံခြုံရေး အတွက် ဒီနေ့ ထဲထဲဝင်ဝင်ဆွေးနွေးနေတာ ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)