မႏၱေလးမွာ တ႐ုတ္ဘုန္းႀကီးတုကို လူဝတ္လဲခိုင္း

0
539

မႏၲေလးၿမိဳ႕မွာ တ႐ုတ္ဘုန္းႀကီးတု တစ္ဦး လွည့္လည္အလွဴခံေနေၾကာင္း ခ်မ္းေအးသာစံၿမိဳ႕နယ္၊ သာသနာေတာ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔ထံ အေၾကာင္းၾကား ေလွ်ာက္ထားလာတဲ့အတြက္ ေခၚယူစစ္ေမးၿပီး လူဝတ္ခဲ့ခိုင္းခဲ့ပါတယ္။

မေန႔ ႏိုဝင္ဘာလ ၂၅ ရက္ေန႔က ၂၆-လမ္း၊ ၈၈+၈၉လမ္းၾကားမွာ လွည့္လည္ အလွဴခံေနတဲ့ တ႐ုတ္ဘုန္းႀကီးကို တ႐ုတ္-ျမန္မာ ခ်စ္ၾကည္ေရးအသင္းက ပုဂၢိဳလ္ေတြ၊ သက္ဆိုင္ရာ စခန္းေတြက တာဝန္ရွိသူေတြ၊ လဝကမွ တာဝန္ရွိသူေတြအျပင္ မႏၲေလးမွာ ေခတၱေရာက္ရွိေနတဲ့ တ႐ုတ္ရဟန္းေတာ္ရဲ အကူအညီနဲ႔ အႀကိမ္ႀကိမ္ ေမးျမန္းစိစစ္ခဲ့တယ္လို႔ ဆရာေတာ္ ဦးကဝိႏၵရဲ႕ Facebook မွာ ေဖာ္ျပထားပါတယ္။

သူ႔ကိုယ္မွာ ဝွက္ထားတဲ့ ေငြေတြလည္း ေတြ႔ရွိရၿပီး အမည္က ရန္ရွင္ျဖစ္ကာ အလုပ္ဗီဇာနဲ႔ လာေရာက္သူျဖစ္ပါတယ္။ သူတည္းခိုရာမွာလည္း လူအဝတ္အစားေတြ၊ စိတ္ပုတီးေတြ၊ ဘုရားပံုေတြ ရွာေတြ႔ခဲ့ပါတယ္။ သူ႔ကို လူဝတ္လဲခိုင္းၿပီး ဥပေဒအရ ဘယ္လို အေရးယူ ေဆာင္ရြက္မယ္ဆိုတာကို သက္ဆိုင္ရာ သာသနာေရးမွဴးေတြက အထက္ကို အစီအရင္ခံစာ တင္ထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>

 

မန္တလေးမှာ တရုတ်ဘုန်းကြီးတုကို လူဝတ်လဲခိုင်း
မန္တလေးမြို့မှာ တရုတ်ဘုန်းကြီးတု တစ်ဦး လှည့်လည်အလှူခံနေကြောင်း ချမ်းအေးသာစံမြို့နယ်၊ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံ အကြောင်းကြား လျှောက်ထားလာတဲ့အတွက် ခေါ်ယူစစ်မေးပြီး လူဝတ်ခဲ့ခိုင်းခဲ့ပါတယ်။
မနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ၂၆-လမ်း၊ ၈၈+၈၉လမ်းကြားမှာ လှည့်လည် အလှူခံနေတဲ့ တရုတ်ဘုန်းကြီးကို တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းက ပုဂ္ဂိုလ်တွေ၊ သက်ဆိုင်ရာ စခန်းတွေက တာဝန်ရှိသူတွေ၊ လဝကမှ တာဝန်ရှိသူတွေအပြင် မန္တလေးမှာ ခေတ္တရောက်ရှိနေတဲ့ တရုတ်ရဟန်းတော်ရဲ အကူအညီနဲ့ အကြိမ်ကြိမ် မေးမြန်းစိစစ်ခဲ့တယ်လို့ ဆရာတော် ဦးကဝိန္ဒရဲ့ Facebook မှာ ဖော်ပြထားပါတယ်။
သူ့ကိုယ်မှာ ဝှက်ထားတဲ့ ငွေတွေလည်း တွေ့ရှိရပြီး အမည်က ရန်ရှင်ဖြစ်ကာ အလုပ်ဗီဇာနဲ့ လာရောက်သူဖြစ်ပါတယ်။ သူတည်းခိုရာမှာလည်း လူအဝတ်အစားတွေ၊ စိတ်ပုတီးတွေ၊ ဘုရားပုံတွေ ရှာတွေ့ခဲ့ပါတယ်။ သူ့ကို လူဝတ်လဲခိုင်းပြီး ဥပဒေအရ ဘယ်လို အရေးယူ ဆောင်ရွက်မယ်ဆိုတာကို သက်ဆိုင်ရာ သာသနာရေးမှူးတွေက အထက်ကို အစီအရင်ခံစာ တင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)