၇၆ ႀကိမ္ေျမာက္ မဲေခါင္ ပူးတြဲ ကင္းလွည့္ပြဲ ၿပီးဆံုး

0
927

တ႐ုတ္၊ လာအို၊ ျမန္မာနဲ႔ ထိုင္း လံုၿခံဳေရး တပ္ဖြဲ႔ေတြ မဲေခါင္ျမစ္မွာ ၇၆ ႀကိမ္ေျမာက္ ပူးတြဲကင္းလွည့္မႈ ႏိုဝင္ဘာလ ၂၄ ရက္ေန႔မွာ ၿပီးဆံုးခဲ့ၿပီ ျဖစ္ပါတယ္။

 

သေဘၤာ ၁၀ စီးနဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ ၁၉၈ ဦးပါဝင္တဲ့ ပူးေပါင္းအဖြဲ႔ဟာ မဲေခါင္ျမစ္ထဲမွာ ငါးရက္ၾကာ ကင္းလွည့္ခဲ့တယ္လို႔ ဆင္ဟြာသတင္းဌာနက ေဖာ္ျပပါတယ္။ အခုတစ္ေခါက္ ပူးတြဲ ကင္းလွည့္မႈအတြင္း ေရေၾကာင္းအတြင္း အၾကမ္းဖက္မႈ တန္ျပန္စစ္ဆင္ေရး၊ ရဲတပ္ဖြဲ႔က အေရးေပၚအေျခအေနမွာ ေျမျပင္ေပၚတက္ၿပီး တံု႔ျပန္ႏိုင္ေရး ေလ့က်င့္မႈ၊ တရားဥပေဒ စိုးမိုးေရးအတြက္ ပူးေပါင္းေဆာင္ရြက္မႈ တိုးတက္ေရးေတြကိုလည္း ေလ့က်င့္ခဲ့ၾကပါတယ္။

ဒါ့အျပင္ သေဘၤာေတြရဲ႕ အေျခအေနေတြကို သံုးသပ္တာ၊ ၿပီးခဲ့တဲ့ ခုနစ္ႏွစ္အတြင္း ပူးတြဲကင္းလွည့္မႈ မွတ္တမ္းတင္ ဓာတ္ပံုျပပြဲ က်င္းပတာ၊ မဲေခါင္ျမစ္အတြင္း ရာဇဝတ္မႈဆိုင္ရာ သတင္းအခ်က္အလက္ ဖလွယ္တာေတြလည္း လုပ္ေဆာင္ခဲ့ပါတယ္။

မဲေခါင္ျမစ္ ထိုင္းေရပိုင္နက္ထဲမွာ ကုန္တင္သေဘၤာ ၂ စီး ျပန္ေပးဆြဲခံရၿပီး တ႐ုတ္သေဘၤာသား ၁၃ ဦး အသတ္ခံရၿပီးေနာက္ မဲေခါင္ျမစ္အတြင္း ၄ ႏိုင္ငံ ပူးတြဲ ကင္းလွည့္တာကို ၂၀၁၁ ခုႏွစ္ကတည္းက စတင္လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>

 

၇၆ ကြိမ်မြောက် မဲခေါင် ပူးတွဲ ကင်းလှည့်ပွဲ ပြီးဆုံး

တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း လုံခြုံရေး တပ်ဖွဲ့တွေ မဲခေါင်မြစ်မှာ ၇၆ ကြိမ်မြောက် ပူးတွဲကင်းလှည့်မှု နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

သင်္ဘော ၁၀ စီးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉၈ ဦးပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မဲခေါင်မြစ်ထဲမှာ ငါးရက်ကြာ ကင်းလှည့်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ အခုတစ်ခေါက် ပူးတွဲ ကင်းလှည့်မှုအတွင်း ရေကြောင်းအတွင်း အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေး၊ ရဲတပ်ဖွဲ့က အရေးပေါ်အခြေအနေမှာ မြေပြင်ပေါ်တက်ပြီး တုံ့ပြန်နိုင်ရေး လေ့ကျင့်မှု၊ တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးတွေကိုလည်း လေ့ကျင့်ခဲ့ကြပါတယ်။

ဒါ့အပြင် သင်္ဘောတွေရဲ့ အခြေအနေတွေကို သုံးသပ်တာ၊ ပြီးခဲ့တဲ့ ခုနစ်နှစ်အတွင်း ပူးတွဲကင်းလှည့်မှု မှတ်တမ်းတင် ဓာတ်ပုံပြပွဲ ကျင်းပတာ၊ မဲခေါင်မြစ်အတွင်း ရာဇဝတ်မှုဆိုင်ရာ သတင်းအချက်အလက် ဖလှယ်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

မဲခေါင်မြစ် ထိုင်းရေပိုင်နက်ထဲမှာ ကုန်တင်သင်္ဘော ၂ စီး ပြန်ပေးဆွဲခံရပြီး တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရပြီးနောက် မဲခေါင်မြစ်အတွင်း ၄ နိုင်ငံ ပူးတွဲ ကင်းလှည့်တာကို ၂၀၁၁ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)