မလေးရှားကို ၁-၀ နဲ့ အနိုင်ရပြီး အုပ်စုဒုတိယအဖြစ် မြန်မာ အကြိုဗိုလ်လုပွဲ တက်

0
281

မြန်မာနိုင်ငံမှာကျင်းပနေတဲ့ AFF ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ ဒီကနေ့ ညနေပိုင်းက သုဝဏ္ဏယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအသင်းက မလေးရှားအသင်းကို ၁ – ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

mff

မြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကျောနံပါတ် ၄ ဒေးဗစ်ထန်းက ပွဲကစားချိန် ၈၈ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။

mff2

ဒီကနေ့ပွဲစဉ်မှာ မြန်မာအသင်းဟာ ပထမပိုင်းကစားပြီး မိနစ်အနည်းငယ်အတွင်း ပင်နယ်တီရရှိခဲ့ပေမဲ့ တိုက်စစ်မှူးအောင်သူက ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိခဲ့ပါဘူး။ ပထမပိုင်းတစ်လျှောက်လုံးမှာလည်း အခွင့်ကောင်းတွေဆုံးရှုံးခဲ့တာတွေ ရှိပါတယ်။

မြန်မာအသင်းဟာ အုပ်စုပွဲစဉ် အားလုံးကစားအပြီးမှ ရမှတ် ၆ မှတ် ရရှိထားတာကြောင့် အကြိုဗိုလ်လုပွဲကို တက်ရောက်သွားပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)