တိုင်းရင်းသားရေးအရ တည်ငြိမ်ဖို့ တပ်မတော်က ပါဝင်နေရတယ်လို့ ကာချုပ်ပြော

0
279

နိုင်ငံရေးအရ တည်ငြိမ်ဖို့နဲ့ တိုင်းရင်းသားရေးအရ တည်ငြိမ်မှုများရှိဖို့ တပ်မတော်အနေနဲ့ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေရတာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

sgmah

နိုဝင်ဘာလ ၂၆ ရက် ဒီကနေ့မှာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းခန်းမမှာ တပ်မတော်အရာရှိကြီးတွေ၊ နည်းပြအရာရှိကြီးတွေ၊ သင်တန်းသားအရာရှိကြီးတွေနဲ့ တပ်နယ်က အရာရှိတွေနဲ့ တွေ့ဆုံရာမှာ အဲဒီလိုပြောဆိုလိုက်တာပါ။

တပ်မတော်ဟာ ပါတီနိုင်ငံရေးလုပ်ဆောင် ခြင်းမဟုတ်ဘဲ နိုင်ငံတော်ရဲ့ပကတိအခြေအနေမှန်နဲ့ သမိုင်းကြောင်းအချက် အလက်တွေကိုလည်း သိရှိထားဖို့ လိုတယ်လို့ ပြောဆိုခဲ့တာပါ။ ဒါ့အပြင် တိုင်းရင်းသားအရေးကိုလည်း အလေးထားလုပ်ဆောင်ရမှာဖြစ်ပြီး တိုင်းရင်းသားအကျိုးစီးပွားကို ဖော်ဆောင်ပေးပြီး လိုအပ်ချက်တွေကို လည်း ဖြည့်ဆည်းဆောင်ရွက်ပေးရမယ်လို့ ပြော ဆိုခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)