မူဆယ်တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် ထောက်ပံ့ငွေပေးအပ်

0
325

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ရှမ်းပြည်နယ် အစိုးရက ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

muse

တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးရှိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ တပ်ဖွဲ့ဝင် ခြောက်ဦးကိုလည်း တစ်ဦးကို သုံးသိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ သာမန်ဒဏ်ရာရရှိခဲ့တဲ့ တပ်ဖွဲ့ဝင်လေးဦးကို ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ခဲ့ပြီး စုစုပေါင်း ငွေကျပ် ၅၂ သိန်း ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။

muse2

ဒါ့အပြင် မိခင်နှင်ကလေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့အဖွဲ့တွေကလည်း ရဲတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ငွေများပေးအပ်ခဲ့သလို မူဆယ်မြို့က စစ်ဘေးရှောင်ပညာရေးဝန်ထမ်းတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေကိုလည်း ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)