ရွှေပြည်သာမှာ ၀ါဂွမ်းစက်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွား

0
300

ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၁၊ ကနောင်မင်းသားကြီး ၅ လမ်းမှာရှိတဲ့ ၀ါဂွမ်းစက်ရုံမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့ ဒီကနေ့ ညနေမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းကိုတော့ မသိသေးပါဘူး။

15085522_196378554153621_6380940960437327053_n

အခုမီး လောင်မှုကို အဆင့်(၂)အဖြစ် သတ်မှတ်ပြီး မီးသတ်ဦးစီးဌာန မီးငြှိမ်းသတ်ခဲ့တာကြောင့် ညနေ ၃ နာရီ ၄၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။ အခုမီးလောင်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ မီးငြှိမ်းသတ်ဖို့ မီးသတ်ယာဉ် ၁၄ စီး အသုံးပြုခဲ့ရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)