ဒေါ်အောင်ဆန်းစုကြည်နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဘင်္ဂါလီအရေး ဆွေးနွေးဖွယ်ရှိ

0
277

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတက်ခ်ဆာရီအာနီဖာအာမန်တို့ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး မကြာခင်မှာ တွေ့ဆုံဆွေးနွေးဖွယ် ရှိနေတယ်လို့ New Straits Time သတင်းစာက ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။

SAUDI ARABIA 17 NOVEMBER 2016. Minister of Foreign Affairs Datuk Sri Anifah Aman at the Coucial of Forign Ministers Emergency Session 17 November 2016 Makkah, Saudi Arabia.

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘင်္ဂါလီတွေကို အစိုးရက ဖမ်းဆီးထိန်းသိမ်းတဲ့အပေါ် မလေးရှားနိုင်ငံက စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်နေတာပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ဦးကလည်း နိုဝင်ဘာ ၂၅ ရက်နေ့က မြန်မာသံအမတ်နဲ့တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာလည်း မနေ့က လူအင်အား ၁ ထောင်လောက်က ဆန္ဒပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)