ရခိုင်အရေးနဲ့ပတ်သက်ပြီး UNHCR ဝန်ထမ်းရဲ့ ပြောကြားချက် UNCHR ရဲ့ရပ်တည်ချက်ကို ကိုယ်စားမပြု

0
303

ရခိုင်ပြည်နယ်မှာရှိတဲ့ အစိုးရလုပ်ဆောင်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရဲ့ အမှုထမ်း ဂျွန်မက်ကစ်ဆစ် စွပ်စွဲပြောကြားခဲ့တဲ့စကားဟာ UNHCR ကို ကိုယ်စားမပြုဘဲ သူ့တစ်ဦးတည်းပြောစကားသာ ဖြစ်တယ်လို့ UNHCR ရဲ့ Assistant High Commissioner (Protection) မစ္စတာ ဗော့လ်ကာတာ့ခ်က ပြောကြားလိုက်ပါတယ်။

bangladesh

ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးထင်လင်းနဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က UNHCR ရုံးချုပ်မှာတွေ့ဆုံစဉ် မစ္စတာ ဗော့လ်ကာတာ့ခ်က ပြောကြားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့အခြေစိုက် UNHCR ရုံးက အမှုထမ်း ဂျွန်မက်ကစ်ဆစ်ဟာ ဘီဘီစီသတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ်မှာ အစိုးရလုပ်ဆောင်နေတဲ့ ကိစ္စတွေအပေါ် စွပ်စွဲပြောကြားခဲ့တာကို ဘီဘီစီက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီပြောကြားချက်နဲ့ပတ်သက်ပြီး ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးထင်လင်းက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအား ပြည်ပရောက်ရှိနေပြီး ဒုတိယမဟာမင်းကြီးလည်း အချိန်မအားလပ်တဲ့အတွက် Assistant High Commissioner (Protection) ဖြစ်သူ မစ္စတာ ဗောလ်ကာတာ့ခ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့က UNHCR ရုံးချုပ်မှာ သွားရောက်တွေ့ဆုံပြီး ဂျွန်မက်ကစ်ဆစ်ရဲ့ ပြောကြားချက်အပေါ် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ဗော့လ်ကာတာ့ခ်ကလည်း ဒီစကားရပ်ဟာ UNHCR ရဲ့ ရပ်တည်ချက်ကို ကိုယ်စားမပြုကြောင်း ဒီကိစ္စအပေါ် ဘယ်လိုဆောင်ရွက်မလဲဆိုတာ စိစစ်သွားမယ့်အကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)