ပြည်သူတွေရဲ့ လိုအပ်ချက်ဟာ ငြိမ်းချမ်းရေးပဲ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပြော

0
305

ပြည်သူတွေလိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာဖို့အောင်မြင်ဖို့ နိုင်ငံရဲ့အဓိအကျဆုံးနဲ့ အခြေခံအကျဆုံ ပဂတိလိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။

15218733_1014781985315482_92983013_n

နိုဝင်ဘာလ ၂၅ ရက်နေ့က NCA စာချုပ်နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အခုလိုပြောကြားလိုက်တာပါ။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ခဲ့တဲ့အချိန်က စတင်ရေတွက်မယ်ဆိုရင် NCA ကို လက်မှတ် ရေးထိုးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အချိန်ကာလအနေနဲ့ လေးနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်နဲ့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အဖွဲ့အစည်းတွေအကြားမှာ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ သဘော တူညီမှုတွေရရှိအောင် စိတ်ရှည်သည်းခံမှုတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးညှိနှိုင်း လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်တယ်လို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)