သူရဦးရွှေမန်းနဲ့ ကေအင်န်ယူ ဥက္ကဋ္ဌ စောမူတူစေးဖိုး တွေ့ဆုံ

0
313

နေပြည်တော်ကို ရောက်ရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို လာရောက်တွေ့ဆုံခဲ့ပါတယ်။

shweman

နိုဝင်ဘာလ ၂၆ ရက်နေ့ ဒီကနေ့ နံနက်မှာ လွှတ် တော်ဝင်းအတွင်းရှိ ကော်မရှင်အဆောက်အဦမှာ တွေ့ဆုံခဲ့တာပါ။

ဗိုလ်ချုပ်ကြီး ဟောမူတူးစေးဖိုးဟာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု-ပင်လုံ ကျင်းပနိုင်ရေးကိစ္စရပ်တွေ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးရမယ့် ကိစ္စရပ်တွေနဲ့ နှစ်ဖက်တပ်တွေ တပ်နေရာချထားရေးကိစ္စရပ်တွေကို ညှိနှိုင်းဆွေးနွေး ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)