ရန်ကုန်တိုင်းဒေသကြီး အစိုးအဖွဲ့ရုံး ပေါက်ကွဲမှုဖြစ်စဉ် မသင်္ကာသူသုံးဦးကို ဖမ်းမိ

0
328

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေရဲ့ တရားခံလို့ သံသယရှိတဲ့ အမျိုးသားသုံးဦးကို ဖမ်းဆီးရမိပြီဖြစ်ပါတယ်။

governmentofficebombed

နိုဝင်ဘာလ ၂၅ ရက်နေ့ ညက အစိုးရအဖွဲ့ရုံးအတွင်း M 150 အချိုရည်ပုလင်းနဲ့ပြုလုပ်ထားတဲ့ ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး မသင်္ကာဖွယ် အမျိုးသမီးနှစ်ဦးကို သက်သေအနေနဲ့ စစ်ဆေးရာကနေ တရားခံလို့မသင်္ကာဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီရမိခဲ့တာဖြစ်ပါတယ်။

m-150

m-150b

သူတို့ရဲ့ထွက်ဆိုချက်တွေအရ သင်္ဃန်းကျွန်း င/က ရပ်ကွက်၊ ဇာဝေယာလမ်းမှာရှိတဲ့ အစ္စလာမ်ဓမ္မာရုံ အုတ်တံတိုင်းအတွင်း စွန့်ပစ်ထားတဲ့ ဖောက်ခွဲမှုပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းနဲ့ ဆေးရုံသုံး ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကွင်းဆက်တရားခံတွေကိုဖမ်းဆီးရမိဖို့ စုံစမ်းစစ် ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)