အင်ဒိုနီးရှားမှာ မြန်မာသံရုံးနဲ့ အစိုးရအဆောက်အဦးတွေကို ဗုံးခွဲမယ့် အစွန်းရောက်ကို ဖမ်းဆီး

0
304

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာနိုင်ငံသံရုံးနဲ့ အင်ဒိုနီးရှားအစိုးရ အဆောက်အဦးတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အစ္စလာမ်မစ်အစွန်းရောက်လို့ ယူဆရသူတစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

indonesia

ဖမ်းဆီးခံရသူဟာ ရိုယိုပရီယက်တ်နာဝီဘာဝါလို့ အမည်ရပြီး အသက် ၂၃ နှစ်ရှိပါပြီ။ သူဟာ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို ထောက်ခံတဲ့ အင်ဒိုနီးရှားအဖွဲ့အစည်းတစ်ခုကလို့လည်း ယူဆရပါတယ်။

ဝီဘာဝါဟာ လာမယ့် ဒီဇင်ဘာလထဲမှာ ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်ထားတာဖြစ်ပြီး အခု သူ့ဆီက ဖမ်းဆီးရမိတဲ့ ဖောက်ခွဲရေးလက်နက်ပမာဏဟာ ၂၀၀၂ ခုနှစ်တုန်းက ဘာလီက နိုက်ကလပ်တစ်ခုမှာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တဲ့ ဗုံးထက် နှစ်ဆ ပိုပြင်းတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မောင်တောအကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ဘင်္ဂါလီတွေကို အစိုးရဖမ်းဆီးနေတာကို အင်ဒိုနီးရှားနဲ့ မလေးရှားလို မွတ်ဆလင်အများစု နေထိုင်တဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဆန္ဒပြနေတာတွေလည်း ဖြစ်ပေါ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)