ပြည်တွင်းအကျပ်အတည်းတွေကို အားလုံပါဝင်အဖြေရှာနိုင်ဖို့ လိုအပ်ပြီိလို့ ကိုမြအေး ပြောကြား

0
285

အစိုးရအနေနဲ့ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး အားလုံး လက်တွဲပူးပေါင်း အဖြေရှာကြဖို့ လိုအပ်ပြီလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးက ပြောကြားလိုက်ပါတယ်။

15207834_1014713391989008_1264171433_n

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပြည်တွင်းမှာဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေ၊ နယ်စပ်ဒေသတိုက်ပွဲတွေအပြင် ရာဇဝတ်မှုတွေ ထူပြောလာတာနဲ့ ပတ်သက်ပြီး MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းချက် အပေါ်မှာ အခုလိုပြောကြားလိုက်တာပါ။ လက်ရှိမှာ တိုက်ပွဲတွေနဲ့ အတူ ရာဇဝတ်မှုတွေအပြင် လွှတ်တော်ထဲအထိ ပေါက်ကွဲမှုတွေဖြစ်ပေါ်လာတာဟာ ပြည်သူလူထုတွေ အတွက် လုံခြုံမှုကင်းမဲ့နေပြီးနိုင်ငံအနေနဲ့ လည်းလုံခြုံမှု ကင်းမဲ့တဲ့ အခြေအနေအနေကို ရောက်လာပြီလို့ ကိုမြအေးကပြောပါတယ်။

အခုဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေဟာ NLD အစိုးရသစ်အတွက် ကြီးမားတဲ့ အကြပ်အတည်းကြီးတွေဖြစ်နေပြီး အဲဒီအခြေအနေတွေကို တစ်ပါတီ၊ တစ်စု၊တစ်ဖွဲ့တည်းနဲ့ ဖြေရှင်းလို့မရဘဲ နေရှင်နယ်ယူနတီဖြစ်အောင် ဖန်တီးဖို့လိုတယ်လို့ ကိုမြအေးကပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)