တိုက်ပွဲတွေကြောင့် ရှမ်းနှစ်သစ်ကူးပွဲတော် မပြုလုပ်တော့ကြောင်း ဆုံးဖြတ်

0
297

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုနှစ်မှာကျင်းပမယ့် ရှမ်းနှစ်သစ်ကူးပွဲတော်နဲ့ ကောက်သစ်စားပွဲတော်ကို ဖျက်သိမ်းလိုက်တယ်လို့ မူဆယ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက ပြောဆိုလိုက်ပါတယ်။

shanstate

နိုဝင်ဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူအများအပြားရှိတဲ့အပြင် သေကြေဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေအတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် တိုက်ပွဲတွေကြောင့်ဖြစ်လာနိုင်တဲ့ ပြည်သူလူထုရဲ့အသက်အန္တရာယ်ကို ငဲ့ညှာတဲ့အနေနဲ့ အခုနှစ် နှစ်သစ်ကူးပွဲတော်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)