တရုတ် ကြားဝင်ညှိနှိုင်းပေးရန် တိုင်းရင်းသား လက်နက်ကိုင်ပူးပေါင်းအဖွဲ့ မေတ္တာရပ်ခံလာ

0
238

နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးဖို့ မြန်မာပြည် မြောက်ပိုင်း မဟာမိတ်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

shanwar

နိုဝင်ဘာလ ၂၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်တာဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်မြောက်ပိုင်း စစ်ရပ်စဲရေးနဲ့ ကြားဝင်ကူညီပေးဖို့ တောင်းဆိုတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ထုတ်ပြန်ချက်ကိုလည်း ကြိုဆိုတယ်လို့ ရေးသားဖော်ပြထားတာပါ။

စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေအပေါ် ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပြီး တိုင်းရင်းသားဒေသတွေက ဆုတ်ခွာပေးရမယ်လို့ တောင်းဆိုထားတာပါ။

မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေနဲ့ အခုစစ်ဆင်ရေးဟာ ကန့်သတ်စစ်ဖြစ်ပြီး ပြည်သူတွေ ထိခိုက်မှုနည်းအောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ ထုတ်ပြန်ချက် တစ်စောင်ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး ဒေသအတွင်း ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်တွေက ယာဉ်မောင်းတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေ ပြုလုပ်နေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)