ကမာရွတ်က ရထားလမ်းပေါ်မှာ သေဆုံးနေတဲ့ ၁၀ နှစ်သမီးအမှု ပြစ်မှုကျူးလွန်သူကို ဖမ်းမိ

0
246

ကမာရွတ်မြို့နယ်က ရထားသံလမ်းပေါ်မှာ ပန်းရောင်းတဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလးတစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

kyawgyi

ပြစ်မှုကျူးလွန်သူ ကျော်အောင်(ခ)ကျော်ကြီး(ခ)ပြာဂလောင်ဟာ သေဆုံးသူမိန်းကလေးရဲ့ မိခင် မဌေးရဲ့ ညီမဖြစ်သူရဲ့ ခင်ပွန်းဟောင်းဖြစ်ပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့က မဌေးနဲ့ သေဆုံးသူမိန်းကလေး မဝင်းဝင်းအေးတို့ နှစ်ဦး လှည်းတန်းခုံးကျော်တံတား အောက်မှာ ပန်းရောင်းနေစဉ်မှာ ကျော်ကြီးက ရောက်ရှိလာပြီး သူနဲ့အတူ ပိုက်ဆံတောင်းရမ်းဖို့ မဝင်းဝင်းအေးကို အဖော်ခေါ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ညနေ ၇ နာရီ ၂၅ မိနစ်အချိန်မှာ ကမာရွတ်မြို့နယ်၊ ၆ ရပ်ကွက်၊ ဟံသာဝတီဘူတာနဲ့ လှည်းတန်းဘူတာကြား၊ မိုင်တိုင်အမှတ် (၄/၁၂) ရထားသံလမ်းပေါ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မဝင်းဝင်းအေးကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။

မဝင်းဝင်းအေးရဲ့ရုပ်အလောင်းအနီးမှာ ကျော်ကြီးရဲက အပြာအဖြူစိမ်းပတ်လည်စင်းပါ ချည်လွယ်အိတ်ကိုလည်း တွေ့ရှိခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့မှာ ရဲတပ်ဖွဲ့က ကျော်ကြီးကို ဖမ်းဆီးစစ်ဆေးရာမှာ ကျော်ကြီးက ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)