မေလးရွားေရာက္ ဖမ္းဆီးခံရတဲ့ ျမန္မာလုပ္သားအမ်ဳိးသမီး(၁၀)ဦး လူကုန္တားရဲတပ္ဖြဲ႔ ေနရပ္ျပန္ပုိ႔

0
1632

ရွမ္းျပည္နယ္ အေရွ႕ပုိင္းရွိ မိန္းကေလး ၁၀ ဦးဟာ ထုိင္းႏုိင္ငံမွာ အလုပ္လုပ္ကိုင္ခဲ့ၿပီး ထုိင္းနုိင္ငံကေနတဆင့္ မေလးရွားႏုိင္ငံကုိ သြားေရာက္ အလုပ္လုပ္ကုိင္စဥ္ မေလးရွားႏုိင္ငံမွာ ဖမ္းဆီးခံခဲရတဲ့အတြက္ မေလးရွားႏုိင္ငံ “ေကာင္းေသာ သုိးထိန္း” ခရစ္ယာန္ သီလရွင္အဖြဲ႕က ကယ္ဆယ္ေပးခဲ့တာ ျဖစ္ပါတယ္။

အဲဒီမိန္းကေလး(၁၀)ဦးတုိ႔ဟာ ေအာက္တုိဘာလ (၂၀)ရက္ေန႔က ျမန္မာႏုိင္ငံ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္ကုိ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ရန္ကုန္တုိင္း လူကုန္ကူးမႈတားဆီးကာကြယ္ေရး တပ္ဖြဲ႕စိတ္(၆) ေအာက္တုိဘာလ(၂၄)ရက္ေန႔ ညေနပုိင္းမွာ မန္းရတနာပံု ေလေၾကာင္းခရီးစဥ္နဲ႔ တာခ်ီလိတ္ၿမိဳ႕ကုိ ပုိ႔ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။

မုိင္းျဖတ္ၿမိဳ႕က မိန္းကေလး(၂)ဦး၊ မုိင္းခတ္ၿမိဳ႕က (၁)ဦး၊ မုိင္းေယာင္းၿမိဳ႕က (၂)ဦး၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ယန္းေက်းရြာမွ (၁)ဦး က်ိဳင္းလပ္ၿမိဳ႕က (၄)ဦး စုစုေပါင္း(၁၀)ဦး သြားေရာက္လုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားရောက် ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားအမျိုးသမီး(၁၀)ဦး လူကုန်တားရဲတပ်ဖွဲ့ နေရပ်ပြန်ပို့

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိန်းကလေး ၁၀ ဦးဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်စဉ် မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံခဲရတဲ့အတွက် မလေးရှားနိုင်ငံ “ကောင်းသော သိုးထိန်း” ခရစ်ယာန် သီလရှင်အဖွဲ့က ကယ်ဆယ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီမိန်းကလေး(၁၀)ဦးတို့ဟာ အောက်တိုဘာလ (၂၀)ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး တပ်ဖွဲ့စိတ်(၆) အောက်တိုဘာလ(၂၄)ရက်နေ့ ညနေပိုင်းမှာ မန်းရတနာပုံ လေကြောင်းခရီးစဉ်နဲ့ တာချီလိတ်မြို့ကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

မိုင်းဖြတ်မြို့က မိန်းကလေး(၂)ဦး၊ မိုင်းခတ်မြို့က (၁)ဦး၊ မိုင်းယောင်းမြို့က (၂)ဦး၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာမှ (၁)ဦး ကျိုင်းလပ်မြို့က (၄)ဦး စုစုပေါင်း(၁၀)ဦး သွားရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)