ထုိင္းႏုိင္ငံမွာ ပုံစံမ်ဳိးစုံနဲ႔ အေရးယူခံရသူ ျမန္မာလုပ္သားဦးေရ ၂၀၀၀ ေက်ာ္ရွိေန

0
891

ထုိင္းမွာ ျမန္မာလုပ္သားေတြအပါအဝင္ ႏုိင္ငံျခားသား ေရႊ႕ေျပာင္းလုပ္သားေတြကုိ ဧည့္စာရင္းဥပေဒသစ္နဲ႔ စစ္ေဆးေနတာေၾကာင့္ ပုံစံမ်ဳိးစုံနဲ႔ အေရးယူခံရသူ ျမန္မာလုပ္သား ၂၀၀၀ ေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

 

ထုိင္းအစုိးရအေနနဲ႔ တရားမဝင္ ႏိုင္ငံျခားသားလုပ္သား စစ္ေဆးဖမ္းဆီးမႈေတြကုိ အခုလအတြင္း ျပင္းထန္စြာ ေဆာင္ရြက္ေနတာျဖစ္ၿပီး အလည္အပတ္ဗီဇာနဲ႔ ဝင္ေရာက္ အလုပ္လုပ္ကိုင္ေနတဲ့ နုိင္ငံျခားသားေတြ ေနထိုင္ ခြင့္သက္တမ္းေက်ာ္လြန္ ေနထိုင္ေနတဲ့ လုပ္သားေတြ၊ ဥပေဒနဲ႔မညီညႊတ္တဲ့ လုပ္သားေတြ အပါအဝင္ အေထာက္အထားပါ အလုပ္ေနရာတုိ႔ မတူညီတဲ့ လုပ္သားေတြကုိ စစ္ေဆးတာေတြနဲ႔ အာဏာပုိင္ေတြက အေထာက္အထားျပည့္စုံေပမယ့္ ဧည့္စာရင္းတုိင္ၾကားဖို႔ ပ်က္ကြက္ခဲ့ပါက အေရးယူခံရၿပီး ေငြဒဏ္ေပးေဆာင္ ေနရမႈေတြ ရွိေနေၾကာင္း သြားေရာက္အလုပ္လုပ္ကုိင္ေနသူတစ္ဦးက ေျပာပါတယ္။

ထိုင္းအစိုးရအေနနဲ႔ ျမန္မာလုပ္သားအမ်ား ဆံုးရွိေနတဲ့ မဟာခ်ိဳင္၊ ဘန္ေကာက္၊ စမြတ္ဆာခြန္ စတဲ့ၿမိဳ႕ေတြက လူေနအေဆာင္ေတြ တိုက္ခန္းေတြ စက္႐ုံအလုပ္႐ုံေတြအထိပါ စစ္ေဆးဖမ္းဆီးမႈေတြ ျပဳလုပ္ေနတာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းနိုင်ငံမှာ ပုံစံမျိုးစုံနဲ့ အရေးယူခံရသူ မြန်မာလုပ်သားဦးရေ ၂၀ဝ၀ ကျော်ရှိနေ

ထိုင်းမှာ မြန်မာလုပ်သားတွေအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို ဧည့်စာရင်းဥပဒေသစ်နဲ့ စစ်ဆေးနေတာကြောင့် ပုံစံမျိုးစုံနဲ့အရေးယူခံရသူ မြန်မာလုပ်သား ၂၀ဝ၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ထိုင်းအစိုးရအနေနဲ့ တရားမဝင် နိုင်ငံခြားသားလုပ်သား စစ်ဆေးဖမ်းဆီးမှုတွေကို အခုလအတွင်း ပြင်းထန်စွာ ဆောင်ရွက်နေတာဖြစ်ပြီး အလည်အပတ်ဗီဇာနဲ့ ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ နေထိုင် ခွင့်သက်တမ်းကျော်လွန် နေထိုင်နေတဲ့ လုပ်သားတွေ၊ ဥပဒေနဲ့မညီညွှတ်တဲ့ လုပ်သားတွေ အပါအဝင် အထောက်အထားပါ အလုပ်နေရာတို့ မတူညီတဲ့ လုပ်သားတွေကို စစ်ဆေးတာတွေနဲ့ အာဏာပိုင်တွေက အထောက်အထားပြည့်စုံပေမယ့် ဧည့်စာရင်းတိုင်ကြားဖို့ ပျက်ကွက်ခဲ့ပါက အရေးယူခံရပြီး ငွေဒဏ်ပေးဆောင် နေရမှုတွေ ရှိနေကြောင်း သွားရောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာလုပ်သားအများ ဆုံးရှိနေတဲ့ မဟာချိုင်၊ ဘန်ကောက်၊ စမွတ်ဆာခွန် စတဲ့မြို့တွေက လူနေအဆောင်တွေ တိုက်ခန်းတွေ စက်ရုံအလုပ်ရုံတွေအထိပါ စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)