ျမန္မာအေရးအတြက္ ၿဗိတိန္၊ ျပင္သစ္ ပူးေပါင္းေရးဆြဲတဲ့ မူၾကမ္း လံုၿခံဳေရးေကာင္စီ စဥ္းစားေန

0
347

ရခိုင္ျပည္နယ္ အေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံအတြက္ ရည္ရြယ္ကာ ၿဗိတိန္နဲ႔ ျပင္သစ္ႏုိင္ငံတုိ႔ ပူးေပါင္းေရးဆြဲေနတဲ့ အဆုိျပဳခ်က္မူၾကမ္းကို ကုလသမဂၢ လံုၿခံဳေရးေကာင္စီက စဥ္းစားခ်င့္ခ်ိန္ေနပါတယ္။

ARSA အၾကမ္းဖက္ အဖြဲ႔ကို လံုၿခံဳေရးတပ္ဖြဲ႔ေတြက နယ္ေျမရွင္းလင္းေရးေတြ ျပဳလုပ္ၿပီးေနာက္ ၾသဂုတ္လအကုန္မွာ ရခုိင္ျပည္နယ္ရဲ႕ အေျခေနကို ကမာၻ႔အဖြဲ႔အစည္းေတြက ပံုႀကီးခ်ဲ႕တယ္လို႔ ေဝဖန္မႈေတြ ရွိပါတယ္။ အၾကမ္းဖက္မႈေတြကို တံု႔ျပန္ရာမွာ ျမန္မာလံုၿခံဳေရးအဖြဲ႔ေတြဟာ အင္အား အမ်ားအျပားသံုးခဲ့လို႔ မြတ္စလင္ေတြ အိမ္နီးခ်င္း ဘဂၤါလားေဒရွ္႕ႏုိင္ငံဆီ ထြက္ေျပးခဲ့ရတယ္လို႔ ေဝဖန္မႈေတြလည္း ရွိခဲ့ပါတယ္။

အဲဒီမူၾကမ္းဟာ ျမန္မာ အာဏာပိုင္ေတြအေပၚ လိုတာထက္ပိုကာ ျပစ္တင္ေ၀ဖန္မႈေတြ ရွိေနမယ္ဆုိရင္ အဲဒီ မႈၾကမ္းကို ႐ုရွားႏုိင္ငံက ကန္႔ကြက္မယ္လို႔ ႐ုရွား သံတမန္ အသိုင္းအဝိုင္းကေျပာပါတယ္။

ရခုိင္ျပည္နယ္ ျပႆနာအတြက္ အခ်ိန္ေပးဖို႔ လိုအပ္ၿပီး ေ၀ဖန္ျပစ္တင္မႈေတြဟာ ျမန္မာနဲ႔ ကုလသမဂၢအဖြဲ႕ၾကား ပူးေပါင္းေဆာင္ရြက္ေရးကို အေထာက္ကူျဖစ္ေစမွာ မဟုတ္ဘူးလို႔ ႐ုရွား သံတမန္ အသိုင္းအ၀ိုင္း ကေျပာပါတယ္။
…………………. ။ ။ …………………….

မြန်မာအရေးအတွက် ဗြိတိန်၊ ပြင်သစ် ပူးပေါင်းရေးဆွဲတဲ့ မူကြမ်း လုံခြုံရေးကောင်စီ စဉ်းစားနေ

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် ရည်ရွယ်ကာ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ ပူးပေါင်းရေးဆွဲနေတဲ့ အဆိုပြုချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စဉ်းစားချင့်ချိန်နေပါတယ်။

ARSA အကြမ်းဖက် အဖွဲ့ကို လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်ပြီးနောက် သြဂုတ်လအကုန်မှာ ရခိုင်ပြည်နယ်ရဲ့ အခြေနေကို ကမ္ဘာ့အဖွဲ့အစည်းတွေက ပုံကြီးချဲ့တယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။ အကြမ်းဖက်မှုတွေကို တုံ့ပြန်ရာမှာ မြန်မာလုံခြုံရေးအဖွဲ့တွေဟာ အင်အား အများအပြားသုံးခဲ့လို့ မွတ်စလင်တွေ အိမ်နီးချင်း ဘင်္ဂါလားဒေရှ့်နိုင်ငံဆီ ထွက်ပြေးခဲ့ရတယ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

အဲဒီမူကြမ်းဟာ မြန်မာ အာဏာပိုင်တွေအပေါ် လိုတာထက်ပိုကာ ပြစ်တင်ဝေဖန်မှုတွေ ရှိနေမယ်ဆိုရင် အဲဒီ မှုကြမ်းကို ရုရှားနိုင်ငံက ကန့်ကွက်မယ်လို့ ရုရှား သံတမန် အသိုင်းအဝိုင်းကပြောပါတယ်။

ရခိုင်ပြည်နယ် ပြဿနာအတွက် အချိန်ပေးဖို့ လိုအပ်ပြီး ဝေဖန်ပြစ်တင်မှုတွေဟာ မြန်မာနဲ့ ကုလသမဂ္ဂအဖွဲ့ကြား ပူးပေါင်းဆောင်ရွက်ရေးကို အထောက်ကူဖြစ်စေမှာ မဟုတ်ဘူးလို့ ရုရှား သံတမန် အသိုင်းအဝိုင်း ကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)