ၿဖိဳးကိုကိုတင့္ဆန္းနဲ႔ ၁၄ ဦးကို အမႈ ၁၇ မႈနဲ႔ အမႈဖြင့္ထား

0
340

ၿဖိဳးကိုကိုတင့္ဆန္းနဲ႔ တျခား ၁၄ ဦးကို အမႈေပါင္း ၁၇ မႈနဲ႔ အမႈဖြင့္ အေရးယူထားေၾကာင္း ျပည္ထဲေရး ဒု ဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္စိုးက ေျပာပါတယ္။

သိမ္းဆည္းရမိတဲ့ လက္နက္က အားလံုး ၂၄ လက္ျဖစ္ၿပီး တကယ့္လက္နက္ အစစ္က ၂၀ လက္၊ သံေဘာစိနဲ႔ ပစ္လို႔ရတာ ၄ လက္ ျဖစ္တယ္လို႔ ေနျပည္ေတာ္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

အမႈေတြကေတာ့ ေနျပည္ေတာ္မွာ ၁၀ မႈ၊ ရန္ကုန္မွာ ၇ မႈ ဖြင့္ထားပါတယ္။ အမႈေတြထဲမွာ လက္နက္မႈ၊ အစိုးရအက္ဥပေဒ အမႈ၊ ပို႔ကုန္သြင္းကုန္ အမႈ၊ တရားမဝင္ စက္ေတြ ကိုင္ေဆာင္တဲ့အတြက္ ဆက္သြယ္ေရး အမႈ စတာေတြ ပါဝင္ပါတယ္။
………………… ။ ။ ………………………..

ဖြိုးကိုကိုတင့်ဆန်းနဲ့ ၁၄ ဦးကို အမှု ၁၇ မှုနဲ့ အမှုဖွင့်ထား

ဖြိုးကိုကိုတင့်ဆန်းနဲ့ တခြား ၁၄ ဦးကို အမှုပေါင်း ၁၇ မှုနဲ့ အမှုဖွင့် အရေးယူထားကြောင်း ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်က အားလုံး ၂၄ လက်ဖြစ်ပြီး တကယ့်လက်နက် အစစ်က ၂၀ လက်၊ သံဘောစိနဲ့ ပစ်လို့ရတာ ၄ လက် ဖြစ်တယ်လို့ နေပြည်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အမှုတွေကတော့ နေပြည်တော်မှာ ၁၀ မှု၊ ရန်ကုန်မှာ ၇ မှု ဖွင့်ထားပါတယ်။ အမှုတွေထဲမှာ လက်နက်မှု၊ အစိုးရအက်ဥပဒေ အမှု၊ ပို့ကုန်သွင်းကုန် အမှု၊ တရားမဝင် စက်တွေ ကိုင်ဆောင်တဲ့အတွက် ဆက်သွယ်ရေး အမှု စတာတွေ ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)