၁ ေသာင္းတန္၊ ၅ ေထာင္တန္၊ ၁ ေထာင္တန္ ေငြစကၠဴ အတုေတြ မိ

0
385

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ KBZ ဘဏ္ခြဲမွာ လာေရာက္အပ္ႏွံတဲ့ ေငြစကၠဴေတြထဲက ေငြစကၠဴအတု အရြက္ ၄၀၀ ေက်ာ္ ေတြ႔ရွိရတဲ့အတြက္ လာေရာက္ အပ္ႏွံသူ စိုးမိုးႏိုင္ကို ဖမ္းဆီးလိုက္ပါတယ္။

မေန႔က ေအာက္တိုဘာ ၂၅ ရက္မွာ စိုးမိုးႏိုင္ လာေရာက္ အပ္ႏွံတဲ့ ေငြက်ပ္ ၃၅ သိန္းအနက္ ၁ ေသာင္းတန္ ေငြစကၠဴ အတု ၉၈ ရြက္၊ ၅ ေထာင္တန္ ေငြစကၠဴ အတု ၁၈၂ ရြက္၊ ၁ ေထာင္တန္ ေငြစကၠဴ အတု ၁၂၉ ရြက္တို႔ ေတြ႔ရွိခဲ့ပါတယ္။ ကန္ေတာ္ေလး ေတာင္ရပ္ကြက္၊ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ေန စုိးမိုးႏိုင္ကို မရမ္းကုန္း ရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ပါတယ္။

ေငြစကၠဴ အတုကို ႏိုင္ငံျခား စကၠဴအမ်ိဳးအစားနဲ႔ လုပ္ထားၿပီး အစစ္ထက္ အလ်ားနဲ႔ အနံ ၁ မီလီမီတာ တိုျခင္း၊ အကၡရာ၊ ဂဏန္းမ်ား အေရာင္မွိန္ျခင္း စတာေတြ ေတြ႔ရွိရၿပီး ေငြစကၠဴ အတု ဝင္ေရာက္ရာ လမ္းေၾကာင္းကို ရဲတပ္ဖြဲ႔က စိစစ္ေနပါတယ္။
……………… ။ ။ ………………..

၁ သောင်းတန်၊ ၅ ထောင်တန်၊ ၁ ထောင်တန် ငွေစက္ကူ အတုတွေ မိ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ KBZ ဘဏ်ခွဲမှာ လာရောက်အပ်နှံတဲ့ ငွေစက္ကူတွေထဲက ငွေစက္ကူအတု အရွက် ၄၀ဝ ကျော် တွေ့ရှိရတဲ့အတွက် လာရောက် အပ်နှံသူ စိုးမိုးနိုင်ကို ဖမ်းဆီးလိုက်ပါတယ်။
မနေ့က အောက်တိုဘာ ၂၅ ရက်မှာ စိုးမိုးနိုင် လာရောက် အပ်နှံတဲ့ ငွေကျပ် ၃၅ သိန်းအနက် ၁ သောင်းတန် ငွေစက္ကူ အတု ၉၈ ရွက်၊ ၅ ထောင်တန် ငွေစက္ကူ အတု ၁၈၂ ရွက်၊ ၁ ထောင်တန် ငွေစက္ကူ အတု ၁၂၉ ရွက်တို့ တွေ့ရှိခဲ့ပါတယ်။ ကန်တော်လေး တောင်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ စိုးမိုးနိုင်ကို မရမ်းကုန်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ငွေစက္ကူ အတုကို နိုင်ငံခြား စက္ကူအမျိုးအစားနဲ့ လုပ်ထားပြီး အစစ်ထက် အလျားနဲ့ အနံ ၁ မီလီမီတာ တိုခြင်း၊ အက္ခရာ၊ ဂဏန်းများ အရောင်မှိန်ခြင်း စတာတွေ တွေ့ရှိရပြီး ငွေစက္ကူ အတု ဝင်ရောက်ရာ လမ်းကြောင်းကို ရဲတပ်ဖွဲ့က စိစစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)