NCA ျပန္ သံုးသပ္စည္ေ၀း

0
378

NCA အေကာင္အထည္ေဖာ္မႈ ဆိုင္ရာ ျပန္လည္သံုးသပ္ျခင္းအစည္းအေ၀းကို ရန္ကုန္မွာ သံုးရက္ၾကာက်င္းပျပဳလုပ္ေနျပီး အစိုးရနဲ႔ အပစ္ရပ္တပ္ဖြဲ ရွစ္ခုတို႔ တက္ေရာက္ေဆြးေႏြးေန ၾကပါတယ္။

တႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) အေကာင္အထည္ေဖာ္မႈဆိုင္ရာ ျပန္လည္ သံုးသပ္ျခင္း အစည္းအေ၀းက ရရိွလာတဲ့ ရလဒ္မ်ားကို တႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ အေကာင္အထည္ ေဖာ္မႈဆိုင္ရာ ညိွႏိႈင္းအစည္းအေ၀း (JICM) မွာ ျပန္လည္ေဆြးေႏြးဆံုးျဖတ္ႏိုင္ဖို႔ ရည္ရြယ္ျပဳလုပ္တာျဖစ္တယ္လို႔ အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။

၂ ႏွစ္ေက်ာ္ၾကာလာျပီျဖစ္တဲ့ NCA မွာ ပါ၀င္တဲ့ အခန္းအလိုက္ ေခါင္းစဥ္ေတြမွာ လိုအပ္ေန တာေတြ ျဖည့္တင္းစရာရိွတာေတြ ၊ ဆက္လက္ ေဆာင္ရြက္စရာရိွတာေတြကို ေဆြးေႏြး ညိွႏိႈင္းၾကတာ ျဖစ္ပါတယ္။
…………………….. ။ ။ ……………………….

NCA ပြန်သုံးသပ်စည်ဝေး

NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ရန်ကုန်မှာ သုံးရက်ကြာကျင်းပပြုလုပ်နေပြီး အစိုးရနဲ့ အပစ်ရပ်တပ်ဖွဲ ရှစ်ခုတို့ တက်ရောက်ဆွေးနွေးနေ ကြပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးက ရရှိလာတဲ့ ရလဒ်များကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) မှာ ပြန်လည်ဆွေးနွေးဆုံးဖြတ်နိုင်ဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

၂ နှစ်ကျော်ကြာလာပြီဖြစ်တဲ့ NCA မှာ ပါဝင်တဲ့ အခန်းအလိုက် ခေါင်းစဉ်တွေမှာ လိုအပ်နေ တာတွေ ဖြည့်တင်းစရာရှိတာတွေ ၊ ဆက်လက် ဆောင်ရွက်စရာရှိတာတွေကို ဆွေးနွေး ညှိနှိုင်းကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)