ဘဂၤလားေဒ့ရွ္ ထြက္ေျပးသူေတြ ျပန္လက္ခံမယ့္ရက္ မေျပာႏိုင္ေသး

0
322

ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသြားသူေတြကို ဘယ္ေတာ့ေလာက္ ျပန္လက္ခံမယ္ဆိုတာ မေျပာႏိုင္ေသးဘူးလို႔ ျပည္ထဲေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးတင္ျမင့္က ေျပာပါတယ္။

ေအာက္တိုဘာ ၂၄ ရက္က ေနျပည္ေတာ္မွာ လုပ္ခဲ့တဲ့ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔ၾကား အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေဝးအျပီးမွာ သတင္းမီဒီယာေတြကို ေျပာခဲ့တာ ျဖစ္ပါတယ္။

သူက” ႏွစ္ႏိုင္ငံလက္ခံေရးကိစၥေတြကေတာ့ ႏိုင္ငံေတာ္ အဆင့္က ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ ဘယ္ေတာ့ေလာက္ လက္ခံမလဲဆိုတာကေတာ့ ကြၽန္ေတာ္တို႔ မေျပာႏိုင္ေသးပါဘူး။ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႕အင္အားဝန္ႀကီးဌာနရဲ႕National Verification Card မူတည္ၿပီးေတာ့မွ ဟုတ္ မဟုတ္ စိစစ္ၿပီး လက္ခံမွာျဖစ္ပါတယ္။ ၿပီးရင္လည္း ရခိုင္ျပည္နယ္ ဘူးသီး ေတာင္၊ ေမာင္ေတာေတြမွာ အမွန္တကယ္ေနသြားတဲ့သူေတြ ဟုတ္ မဟုတ္ကိုလည္း စိစစ္ရဦးမွာ ျဖစ္ပါတယ္။” လို႔ ေျပာခဲ့တာပါ။

ကုလသမဂၢစာရင္းေတြအရ ရခိုင္ျပည္နယ္၊ေမာင္ေတာကေန ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးသြားတဲ့ ဘဂၤါလီဦးေရ ၅ သိန္းေက်ာ္ ရွိပါတယ္။
………………… ။ ။ ………………….

ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသူတွေ ပြန်လက်ခံမယ့်ရက် မပြောနိုင်သေး

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို ဘယ်တော့လောက် ပြန်လက်ခံမယ်ဆိုတာ မပြောနိုင်သေးဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောပါတယ်။
အောက်တိုဘာ၂၄ ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

သူက” နှစ်နိုင်ငံလက်ခံရေးကိစ္စတွေကတော့ နိုင်ငံတော် အဆင့်က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘယ်တော့လောက် လက်ခံမလဲဆိုတာကတော့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့National Verification Card မူတည်ပြီးတော့မှ ဟုတ် မဟုတ် စိစစ်ပြီး လက်ခံမှာဖြစ်ပါတယ်။ ပြီးရင်လည်း ရခိုင်ပြည်နယ် ဘူးသီး တောင်၊ မောင်တောတွေမှာ အမှန်တကယ်နေသွားတဲ့သူတွေ ဟုတ် မဟုတ်ကိုလည်း စိစစ်ရဦးမှာ ဖြစ်ပါတယ်။” လို့ ပြောခဲ့တာပါ။

ကုလသမဂ္ဂစာရင်းတွေအရ ရခိုင်ပြည်နယ်၊မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီဦးရေ ၅ သိန်းကျော် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)