
0
355




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောကတပ်တွေ ထုတ်နုတ်ပြီး စစ်တွေမှာ စုဖွဲ့

ဘူးသီးတောင်-မောင်တောဒေသမှာ နယ်မြေတည်ငြိမ်အေးချမ်းလာတဲ့အတွက် လုံခြံရေးတပ်ဖွဲ့ဝင်များ စတင် ထုတ်နုတ်ပြီး စစ်တွေမြို့မှာ အရန်အဖြစ်အသင့်စုဖွဲ့ထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်မှာ တပ်မတော် စစ်ကြောင်းများနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဩဂုတ် ၂၅ ရက်ကစလို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တယ်။

စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်းမှာ ထိတွေ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းများ လျော့နည်း လာခဲ့ တယ်လို့ တပ်သတင်းမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)