မဲဆန္ဒနယ်ပြင်ပရောက် ပုံစံ (၃-က) ထပ်မံခွင့်မပြုနိုင်ဟု ကော်မရှင် ပယ်ချလိုက်ပြီ

0
297

မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေအတွက် ပုံစံ (၃-က) ထပ်မံခွင့်ပြုဖို့ နိုင်ငံရေးပါတီတွေရဲ့ တောင်းဆိုမှုကို ကော်မရှင်က ပယ်ချလိုက်ပါတယ်။

U Tin Aye 1

ကော်မရှင်အနေနဲ့ ၃ လ ကြာခွင့်ပြုထားတဲ့ ပုံစံ (၃-က) ဖြင့် လျှောက်ထားမှုကို ထပ်မံ ခွင့်မပြုကြောင်း အောက်တိုဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ အမြဲနေရပ်ကို မပြန်ပဲ ရောက်ရှိနေတဲ့ မဲဆန္ဒနယ်မှာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရက်ပေါင်း ၁၈၀ ထက်မနည်းနေထိုင်ခဲ့ကြောင်း ပုံစံ (၃-က) ကို ထပ်မံ ခွင့်ပြုဖို့ တောင်းဆိုခဲ့တာပါ။

ကော်မရှင်အနေနဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကနေစတင်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့အထိ ၃ လ ကြာ ခွင့်ပြုခဲ့ပြီး မဲဆန္ဒရှင်တွေအနေနဲ့ လာရောက် လျှောက်ထားကြဖို့ လှုံဆော်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက် ရပ်ဆိုင်းခဲ့တာပါ။

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းတွေ ထုတ်ပေးတာ၊ မဲဆန္ဒရှင်စာရင်းတွေကို မဲရုံအလိုက်ခွဲတာ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲစာရင်းတစ်စုံ အခမဲ့ကူးယူခွင့်ပြုနိုင်ရေး ဆောင်ရွက်နေချိန်တွေ ဖြစ်တာကြောင့် ထပ်မံ ခွင့်ပြုဖို့ မဖြစ်နိုင်ကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကော်မရှင်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေအရ ပုံစံ (၃-က) နဲ့ လျှောက်ထားခဲ့သူ မဲဆန္ဒရှင်စုစုပေါင်း တစ်သန်းကျော်ရှိနေပြီး အဲ့ဒီထဲက ရန်ကုန်တိုင်း ဒေသကြီးထဲမှာ ၆ သိန်းကျော်၊ မန္တလေးတိုင်းဒေသကြီးထဲမှာ ၁ သိန်းကျော်၊ ကချင်ပြည်နယ်တွင် ၇ သောင်းကျော်၊ ရှမ်းပြည်နယ်မှာ ၆ သောင်းနီးပါရှိခဲ့ပြီး အခြားပြည်ထောင်စု နယ်မြေတွေအတွင်းမှာတော့ ၄ သောင်း ၅ ထောင်ကျော် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)