မိဘနဲ့ ပတ်ဝန်းကျင် ဝိုင်းဝန်းထိန်းကျောင်းမှ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှု ကင်းစင်မယ် (ရုပ်/သံ)

0
1125






ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးသူ ဦးရေဟာ လူဦးရေရဲ့ လေးပုံတစ်ပုံရှိပြီး ကွမ်းစားသုံးသူ အမျိုးသား (၆၀) ရာခိုင်နှုန်းလောက်ရှိပြီး မျိုးသမီး(၂၀)ရာခိုင်နှုန်းလောက်ရှိတယ်လို့ မြန်မာနိုင်ငံ ဆေးလိပ်ကွမ်းယာ ကင်းစင်ရေး မျိုးဆက်သစ်များဖြစ်တည်ရေးအဖွဲ့ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်ခင်ဗျာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိဘတွေနဲ့ ပတ်ဝန်းကျင်က ဝိုင်းဝန်းထိန်းကျောင်းမှ လူငယ်တွေ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှု ကင်းစင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆေးလိပ်ကွမ်းယာ ကင်းစင်ရေးမျိုးဆက်သစ်များ ဖြစ်တည်ရေးအဖွဲ့က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်သူကပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက လူငယ်အများစုမှာ ဆေးလိပ်အပါအဝင် ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းစားသုံးမှုတွေ မြင့်တက်နေတာကြောင့် အုပ်ထိန်းသူ လူကြီးမိဘတွေနဲ့ ပတ်ဝန်းကျင်က ဝိုင်းဝန်းထိန်းကျောင်းမှ မျိုးဆက်သစ် လူငယ်တွေ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုတွေ ကင်းစင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆေးလိပ်ကွမ်းယာ ကင်းစင် ရေးမျိုးဆက်သစ်များဖြစ်တည်ရေး အဖွဲ့က Exculsive Director ဦးနေစိုးမောင်က ပြောပါတယ်။

Sound Bite———–ဦးနေစိုးမောင်(Exculsive Director)
မြန်မာနိုင်ငံ ဆေးလိပ်ကွမ်းယာ ကင်းစင် ရေးမျိုးဆက်သစ်များ ဖြစ်တည်ရေး အဖွဲ့

လက်ရှိ မြန်မာနိုင်ငံမှာ ဆေးလိပ်မသောက်သုံးရ ၊ကွမ်းမစားရ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကပ်ထားတဲ့ ကန့်သတ်
နေရာတွေမှာ ကွမ်းစားသုံးမှုတွေနဲ့ ဆေးလိပ်သောက်သုံးမှုတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။

Sound Bite———–ဦးနေစိုးမောင်(Exculsive Director)
မြန်မာနိုင်ငံ ဆေးလိပ်ကွမ်းယာ ကင်းစင် ရေးမျိုးဆက်သစ်များ ဖြစ်တည်ရေး အဖွဲ့

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးသူ ဦးရေဟာ လူဦးရေရဲ့ လေးပုံတစ်ပုံရှိပြီး ကွမ်းစားသုံးသူ အမျိူးသား (၆၀) ရာခိုင်နှုန်းလောက်ရှိပြီး မျိုးသမီး(၂၀)ရာခိုင်နှုန်းလောက်ရှိတယ်လို့ မြန်မာနိုင်ငံ ဆေးလိပ်ကွမ်းယာ ကင်းစင်ရေး မျိုးဆက်သစ်များဖြစ်တည်ရေးအဖွဲ့ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)