စစ္ေတြၿမိဳ႕လယ္မွာ လူတစ္ဦး ေသနတ္နဲ႔ ပစ္သတ္ခံရ

0
829

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕လယ္ရွိ အတုလမာရဇိန္ျပည္လုံးခ်မ္းသာ ဘုရားႀကီးေရွ႕ ဝကၤဘာကြင္းရွိ ေစ်းပြဲေတာ္မွာ မေန႔က စက္တင္ဘာ ၂၅ ရက္ ည ၉ နာရီက လူတစ္ဦး ဦးေခါင္းကို ေသနတ္နဲ႔ ပစ္ခတ္ခံရလို႔ ေဆး႐ံုပို႔ေဆာင္စဥ္ ေသဆံုးခဲ့ပါတယ္။

ေသဆံုးသူဟာ ရန္ကုန္ စစ္ဖက္ေရးရာ လံုၿခံဳေရး တပ္ဖြဲ႔ (စရဖ) ကေန ခြင့္ယူၿပီး ေရာက္ရွိေနတဲ့ တပ္ၾကပ္ ဝင္းထိုက္ (ခ) ဖိုးလံုး ျဖစ္ၿပီး ဇနီး၊ သမီးတို႔နဲ႔ ေစ်းဝယ္အၿပီး ဆိုင္ကယ္သြားယူခ်ိန္ လူတစ္ဦးက ဦးေခါင္းကို ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။

ပစ္ခတ္သူကို စံုစမ္းေနဆဲ ျဖစ္ၿပီး တစ္စံုတစ္ဦးကိုမွ ဒီအမႈနဲ႔ ပတ္သက္လို႔ ဒီေန႔ မနက္ ၉ နာရီခြဲအထိ ဖမ္းဆီးျခင္း မရွိေသးဘူးလို႔ နိရဥၥရာ သတင္းဌာနက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်တွေမြို့လယ်မှာ လူတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ်ရှိ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရှေ့ ဝင်္ကဘာကွင်းရှိ ဈေးပွဲတော်မှာ မနေ့က စက်တင်ဘာ ၂၅ ရက် ည ၉ နာရီက လူတစ်ဦး ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဆေးရုံပို့ဆောင်စဉ် သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ ရန်ကုန် စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ကနေ ခွင့်ယူပြီး ရောက်ရှိနေတဲ့ တပ်ကြပ် ဝင်းထိုက် (ခ) ဖိုးလုံး ဖြစ်ပြီး ဇနီး၊ သမီးတို့နဲ့ ဈေးဝယ်အပြီး ဆိုင်ကယ်သွားယူချိန် လူတစ်ဦးက ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်သူကို စုံစမ်းနေဆဲ ဖြစ်ပြီး တစ်စုံတစ်ဦးကိုမှ ဒီအမှုနဲ့ ပတ်သက်လို့ ဒီနေ့ မနက် ၉ နာရီခွဲအထိ ဖမ်းဆီးခြင်း မရှိသေးဘူးလို့ နိရဉ္စရာ သတင်းဌာနက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)