တိုင္းရင္းသား လူမ်ိဳးစာရင္း ထုတ္ျပန္ႏိုင္ဖို႔ ညိႇႏိႈင္းေန

0
1508

၂၀၁၄ ခုႏွစ္ လူဦးေရ သန္းေခါင္စာရင္းဆိုင္ရာ အခ်က္အလက္ေတြအနက္ ထုတ္ျပန္ဖုိ႔ က်န္ရွိေနေသးတဲ့ တုိင္းရင္းသား လူမ်ိဳးစာရင္းကုိ ထုတ္ျပန္နုိင္ဖို႔ တိုင္းရင္းသားေတြ ကုိယ္တုိင္ အဆုံးအျဖတ္ေပးဖို႔ ညိွႏႈိင္းေနတဲ့ အေျခအေနမွာရွိတယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနက ေျပာပါတယ္။

လက္ရွိမွာေတာ့ ၂၀၁၄ ခုႏွစ္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္း အစီအရင္ခံစာ ၁၅ ေစာင္ အထိ ထုတ္ျပန္ထားၿပီး ထုတ္ျပန္ဖုိ႔ က်န္ရွိေနေသးတဲ့ တုိင္းရင္းသားလူမ်ဳိးစာရင္း အစီရင္ခံစာနဲ႔ ပက္သက္ၿပီး ျမန္မာႏိုင္ငံမွာ အရင္က တုိင္းရင္းသားလူမ်ဳိး ၁၃၅ မ်ဳိးရွိေပမယ့္ သန္းေခါင္စာရင္း အခ်က္အလက္အရ အဲဒီ အေရအတြက္ထက္ မ်ားျပားေနတဲ့ အေျခအေနမွာရွိေနတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ထုတ္ျပန္ႏိုင္ျခင္း မရွိေသးတဲ့အျပင္ တုိင္းရင္းသားလူမ်ဳိးေတြ လက္ခံနုိင္ျခင္း ရွိ၊ မရွိကုိ ဆက္လက္ ေဆြးေႏြးသြားမွာ ျဖစ္တယ္လုိ႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဦးသိန္းေဆြက မီဒီယာေတြနဲ႔ ေတြ႔ဆုံစဥ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းရင်းသား လူမျိုးစာရင်း ထုတ်ပြန်နိုင်ဖို့ ညှိနှိုင်းနေ

၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်တွေအနက် ထုတ်ပြန်ဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လူမျိုးစာရင်းကို ထုတ်ပြန်နိုင်ဖို့ တိုင်းရင်းသားတွေ ကိုယ်တိုင် အဆုံးအဖြတ်ပေးဖို့ ညှိနှိုင်းနေတဲ့ အခြေအနေမှာရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြောပါတယ်။

လက်ရှိမှာတော့ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီအရင်ခံစာ ၁၅ စောင် အထိ ထုတ်ပြန်ထားပြီး ထုတ်ပြန်ဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလူမျိုးစာရင်း အစီရင်ခံစာနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံမှာ အရင်က တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိပေမယ့် သန်းခေါင်စာရင်း အချက်အလက်အရ အဲဒီ အရေအတွက်ထက် များပြားနေတဲ့ အခြေအနေမှာရှိနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ထုတ်ပြန်နိုင်ခြင်း မရှိသေးတဲ့အပြင် တိုင်းရင်းသားလူမျိုးတွေ လက်ခံနိုင်ခြင်း ရှိ၊ မရှိကို ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)