ဖားကန္႔ၿမိဳ႕နယ္မွာ ေျမစာပိလို႔ ေရမေဆးေက်ာက္ရွာသူ ၄ ဦး ေသဆံုး

0
929

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ သာယာကုန္း ေက်းရြာမွာ ေျမစာပံု ပိမိလို႔ ေရမေဆးေက်ာက္ ရွာေဖြသူ အမ်ိဳးသား ၄ ဦး ေသဆံုးၿပီး ၁ ဦး ဒဏ္ရာရရွိသြားပါတယ္။

မေန႔က စက္တင္ဘာ ၂၅ ရက္ေန႔ သာယာကုန္း ေက်းရြာ 3-A ေက်ာက္မ်က္ကုမၸဏီ လုပ္ကြက္ေဟာင္းမွာ ဦးစခုံ႐ြယ္ဂ်ား (၅၉ ႏွစ္) အပါအဝင္ အမ်ိဳးသား ၅ ဦး ေရမေဆးေက်ာက္ ရွာေဖြစဥ္ အျမင့္ေပ ၃၀ ခန္႔က ကမ္းပါးၿပိဳက်ၿပီး ဦးစခုံ႐ြယ္ဂ်ား ပါအဝင္ ၄ ဦး ေျမစာပိၿပီး ေပ်ာက္ဆံုးခဲ့ပါတယ္။ လြမ္းဇယ္(၂၅ ႏွစ္) ကိုေတာ့ အနီးနားရွိ ေရမေဆးေက်ာက္ ရွာေဖြသူေတြက ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။

ေက်းရြာအုပ္ခ်ဳပ္ေရး အဖြဲ႔ဝင္ေတြနဲ႔ လူမႈေရး အသင္းအဖြဲ႔ေတြက ဝိုင္းဝန္းရွာေဖြခဲ့ရာမွာ ဦးစခုံ႐ြယ္ဂ်ား အပါအဝင္ ၄ ဦး ဒဏ္ရာေတြနဲ႔ ေသဆံုးေနတာကို ေတြ႔ရွိခဲ့ပါတယ္။ အေလာင္းေတြကို လုံးခင္းတိုက္နယ္ေဆး႐ုံသို႔ ပို႔အပ္ခဲ့ၿပီး လုံးခင္း နယ္ေျမရဲစခန္းက ေသမႈေသခင္းအျဖစ္ စံုစမ္းစစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖားကန့်မြို့နယ်မှာ မြေစာပိလို့ ရေမဆေးကျောက်ရှာသူ ၄ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ သာယာကုန်း ကျေးရွာမှာ မြေစာပုံ ပိမိလို့ ရေမဆေးကျောက် ရှာဖွေသူ အမျိုးသား ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားပါတယ်။

မနေ့က စက်တင်ဘာ ၂၅ ရက်နေ့ သာယာကုန်း ကျေးရွာ 3-A ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းမှာ ဦးစခုံရွယ်ဂျား (၅၉ နှစ်) အပါအဝင် အမျိုးသား ၅ ဦး ရေမဆေးကျောက် ရှာဖွေစဉ် အမြင့်ပေ ၃၀ ခန့်က ကမ်းပါးပြိုကျပြီး ဦးစခုံရွယ်ဂျား ပါအဝင် ၄ ဦး မြေစာပိပြီး ပျောက်ဆုံးခဲ့ပါတယ်။ လွမ်းဇယ်(၂၅ နှစ်) ကိုတော့ အနီးနားရှိ ရေမဆေးကျောက် ရှာဖွေသူတွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေက ဝိုင်းဝန်းရှာဖွေခဲ့ရာမှာ ဦးစခုံရွယ်ဂျား အပါအဝင် ၄ ဦး ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ အလောင်းတွေကို လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့အပ်ခဲ့ပြီး လုံးခင်း နယ်မြေရဲစခန်းက သေမှုသေခင်းအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)