ကေလးမ်ားအတြက္ သုတရတနာသိုက္ စြယ္စုံက်မ္း ၁ဝ တြဲ ထုတ္ေဝ

0
899

ကေလးမ်ားအတြက္ သုတရတနာသိုက္ စြယ္စုံက်မ္း ၁ဝ တြဲနဲ႔ ပညာပေဒသာ စာေစာင္မွာ ထည့္သြင္းခဲ့တဲ့ စာေပ ေဆာင္းပါးေတြကို စာအုပ္ထုတ္ေဝလိုက္ပါတယ္။

ပညာေရးဝန္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးက ဆရာႀကီးမင္းသုဝဏ္ တည္ေထာင္ခဲ့တဲ့ ဘာသာျပန္ႏွင့္ စာအုပ္ထုတ္ေဝေရးဌာနက တန္ဖိုးမျဖတ္ႏိုင္တဲ့ စာအုပ္ေတြ ထုတ္ေဝခဲ့ေၾကာင္း၊ ေက်ာင္းသား ေက်ာင္းသူေတြအတြက္ တန္ဖိုး မျဖတ္ႏိုင္တဲ့ စာအုပ္ေတြ ျဖစ္တဲ့အတြက္ ၂ဝ၁၇ ခုႏွစ္ကစၿပီး ပညာေရးဝန္ႀကီးဌာန ဘာသာျပန္ႏွင့္ ပုံႏွိပ္ ထုတ္ေဝေရးဌာနက ျပန္လည္ထုတ္ေဝဖို႔ စီစဥ္ခဲ့ေၾကာင္း မေန႔က စက္တင္ဘာ ၂၅ ရက္ေန႔ ရန္ကုန္ၿမိဳ႕ တကၠသိုလ္စိန္ရတုခန္းမမွာ က်င္းပတဲ့ မိတ္ဆက္ အခမ္းအနားမွာ ေျပာပါတယ္။

အဲဒီ အခမ္းအနားမွာ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း) ဦးထင္ေက်ာ္လည္း အဖြင့္အမွာစကား ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးများအတွက် သုတရတနာသိုက် စွယ်စုံကျမ်း ၁ဝ တွဲ ထုတ်ဝေ

ကလေးများအတွက် သုတရတနာသိုက် စွယ်စုံကျမ်း ၁ဝ တွဲနဲ့ ပညာပဒေသာ စာစောင်မှာ ထည့်သွင်းခဲ့တဲ့ စာပေ ဆောင်းပါးတွေကို စာအုပ်ထုတ်ဝေလိုက်ပါတယ်။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာကြီးမင်းသုဝဏ် တည်ထောင်ခဲ့တဲ့ ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနက တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်တွေ ထုတ်ဝေခဲ့ကြောင်း၊ ကျောင်းသား ကျောင်းသူတွေအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ စာအုပ်တွေ ဖြစ်တဲ့အတွက် ၂ဝ၁၇ ခုနှစ်ကစပြီး ပညာရေးဝန်ကြီးဌာန ဘာသာပြန်နှင့် ပုံနှိပ် ထုတ်ဝေရေးဌာနက ပြန်လည်ထုတ်ဝေဖို့ စီစဉ်ခဲ့ကြောင်း မနေ့က စက်တင်ဘာ ၂၅ ရက်နေ့ ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမမှာ ကျင်းပတဲ့ မိတ်ဆက် အခမ်းအနားမှာ ပြောပါတယ်။

အဲဒီ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်လည်း အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)