က်ိဳက္ထီး႐ိုး ရင္ျပင္ေပၚမွာထားတဲ့ အလႉခံပံုး အခိုးခံရ

0
1151

ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးရင္ျပင္ေတာ္မွာ အမ်ားျပည္သူလွဴဒါန္းႏိုင္ဖို႔ ထားရွိတဲ့ အလႉခံပံုးတစ္ပံုး စက္တင္ဘာ ၂၄ ရက္ညက ခိုးယူခံခဲ့ရပါတယ္။

တာဝန္က်လုံၿခံဳေရးနဲ႔ စည္းကမ္း ထိန္းသိမ္းေရး အဖြဲ႔ေခါင္းေဆာင္ ဦးသန္းေရႊနဲ႔ အဖြဲ႔ဝင္ေတြဟာ ရင္ျပင္ေတာ္ ရဲကင္းစခန္းက တပ္ဖြဲ႔ဝင္ေတြနဲ႔အတူ ရင္ျပင္ေတာ္ေပၚမွာ ထားရွိတဲ့ အလႉခံပုံး ၁ဝ ပုံးကို စုစည္းၿပီး ႏိုင္လြန္ႀကိဳးနဲ႔ ခ်ည္ကာ တာလပတ္အုပ္ သိမ္းဆည္းထားခဲ့ပါတယ္။

ည ၁၂ နာရီမွာ လွည့္ကင္းေဆာင္ရြက္ရာ အလႉခံပံုးေတြကို ခ်ည္ေႏွာင္ထားတဲ့ ႏိုင္လြန္ႀကိဳး ျပတ္ေနၿပီး အလႉခံပုံးတစ္ပံုး ေပ်ာက္ဆံုးေနတာကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ က်ီးကန္းပါးစပ္ကို သြားတဲ့ လမ္းေဘးရွိ ဟိုတယ္တံခါး ေဘးမွာ အလႉခံပံုးကို မွန္ကြဲလ်က္ ေတြ႔ရွိရၿပီး အလႉေငြေတြ ေပ်ာက္ဆံုးေနလို႔ ခိုးယူသူကို ရွာေဖြေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျိုက်ထီးရိုး ရင်ပြင်ပေါ်မှာထားတဲ့ အလှူခံပုံး အခိုးခံရ

ဆံတော်ရှင် ကျိုက်ထီးရိုးရင်ပြင်တော်မှာ အများပြည်သူလှူဒါန်းနိုင်ဖို့ ထားရှိတဲ့ အလှူခံပုံးတစ်ပုံး စက်တင်ဘာ ၂၄ ရက်ညက ခိုးယူခံခဲ့ရပါတယ်။

တာဝန်ကျလုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဦးသန်းရွှေနဲ့ အဖွဲ့ဝင်တွေဟာ ရင်ပြင်တော် ရဲကင်းစခန်းက တပ်ဖွဲ့ဝင်တွေနဲ့အတူ ရင်ပြင်တော်ပေါ်မှာ ထားရှိတဲ့ အလှူခံပုံး ၁ဝ ပုံးကို စုစည်းပြီး နိုင်လွန်ကြိုးနဲ့ ချည်ကာ တာလပတ်အုပ် သိမ်းဆည်းထားခဲ့ပါတယ်။

ည ၁၂ နာရီမှာ လှည့်ကင်းဆောင်ရွက်ရာ အလှူခံပုံးတွေကို ချည်နှောင်ထားတဲ့ နိုင်လွန်ကြိုး ပြတ်နေပြီး အလှူခံပုံးတစ်ပုံး ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကျီးကန်းပါးစပ်ကို သွားတဲ့ လမ်းဘေးရှိ ဟိုတယ်တံခါး ဘေးမှာ အလှူခံပုံးကို မှန်ကွဲလျက် တွေ့ရှိရပြီး အလှူငွေတွေ ပျောက်ဆုံးနေလို့ ခိုးယူသူကို ရှာဖွေနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)