ကမ္းလြန္လုပ္ကြက္ အမွတ္ (၆)မွာ သဘာဝဓာတ္ေငြ႔ ထြက္ရွိ

0
916

ျမန္မာ့ကမ္းလြန္လုပ္ကြက္ အမွတ္ (၆)မွာ တူးေဖာ္တဲ့ တြင္းအမွတ္ ေရႊရည္ထြန္း (၂)ကေန သဘာဝဓာတ္ေငြ႔ ေတြ႔ရွိခဲ့ပါတယ္။ စက္တင္ဘာလ ၂၅ ရက္ေန႔က ေနျပည္ေတာ္မွာရွိတဲ့ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ႐ုံးအမွတ္ ၂၇ ရတနာ ခန္းမမွာျပဳလုပ္တဲ့ သဘာဝဓာတ္ေငြ႕ သတင္းထုတ္ျပန္မႈ အခမ္းအနား ျပဳလုပ္ခဲ့ပါတယ္။

ျမန္မာ့ကမ္းလြန္ လုပ္ကြက္အမွတ္ A-6 မွာ ျမန္မာေတြဦးေဆာင္တဲ့ MPRLE & P Pte:Ltd က ရင္းႏွီးျမႇဳပ္ႏွံမႈ ၂၀ ရာခုိင္ႏႈန္းနဲ႔ လုပ္ငန္းဦးေဆာင္ကုမၸဏီအျဖစ္ ေဆာင္ရြက္ေနတာလည္း ျဖစ္ပါတယ္။ ၾသစေၾသးလ်ႏုိင္ငံ Woodside Energy (Myanmar) Pte:Ltd က ၄၀ ရာခုိင္ႏႈန္း၊ ျပင္သစ္ႏိုင္ငံ Total E&P Myanmar Pte:Ltd က ၄၀ ရာခုိင္ႏႈန္း အခ်ိးက် ပါဝင္ကာ ရွာေဖြတူးေဖာ္မႈလုပ္ငန္းေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

လက္ရွိမွာ အကဲျဖတ္တြင္း၊ ရွာေဖြေရးတြင္းျဖစ္တဲ့ ေရႊရည္ထြန္း (­၂) မွာ သဘာဝဓာတ္ေငြ႔ေတြ ထုတ္ယူ ရရွိႏုိင္တာျဖစ္ၿပီး စမ္းသပ္ေတြ႔ရွိမႈေတြေၾကာင့္ ျမန္မာကမ္းလြန္ အမွတ္ (၆)မွာ အကဲျဖတ္တြင္း၊ ရွာေဖြေရး တြင္းေတြ ဆက္လက္တူးေဖာ္ ေဆာင္ရြက္တာေတြ၊ စီးပြားေရးအတြက္ ထုတ္လုပ္ႏိုင္တဲ့ သဘာဝဓာတ္ေငြ႔ စီမံကိန္းႀကီးတစ္ခုအျဖစ္ အစုရွယ္ယာဝင္ေတြ ဆက္လက္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ်းလွန်လုပ်ကွက် အမှတ် (၆)မှာ သဘာဝဓာတ်ငွေ့ ထွက်ရှိ

မြန်မာ့ကမ်းလွန်လုပ်ကွက် အမှတ် (၆)မှာ တူးဖော်တဲ့ တွင်းအမှတ် ရွှေရည်ထွန်း (၂)ကနေ သဘာဝဓာတ်ငွေ့ တွေ့ရှိခဲ့ပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့က နေပြည်တော်မှာရှိတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် ၂၇ ရတနာ ခန်းမမှာပြုလုပ်တဲ့ သဘာဝဓာတ်ငွေ့ သတင်းထုတ်ပြန်မှု အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

မြန်မာ့ကမ်းလွန် လုပ်ကွက်အမှတ် A-6 မှာ မြန်မာတွေဦးဆောင်တဲ့ MPRLE & P Pte:Ltd က ရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်းနဲ့ လုပ်ငန်းဦးဆောင်ကုမ္ပဏီအဖြစ် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ သြစသြေးလျနိုင်ငံ Woodside Energy (Myanmar) Pte:Ltd က ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ Total E&P Myanmar Pte:Ltd က ၄၀ ရာခိုင်နှုန်း အချိးကျ ပါဝင်ကာ ရှာဖွေတူးဖော်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အကဲဖြတ်တွင်း၊ ရှာဖွေရေးတွင်းဖြစ်တဲ့ ရွှေရည်ထွန်း (­၂) မှာ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူ ရရှိနိုင်တာဖြစ်ပြီး စမ်းသပ်တွေ့ရှိမှုတွေကြောင့် မြန်မာကမ်းလွန် အမှတ် (၆)မှာ အကဲဖြတ်တွင်း၊ ရှာဖွေရေး တွင်းတွေ ဆက်လက်တူးဖော် ဆောင်ရွက်တာတွေ၊ စီးပွားရေးအတွက် ထုတ်လုပ်နိုင်တဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတစ်ခုအဖြစ် အစုရှယ်ယာဝင်တွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)