
0
990




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒန်ဒီမြို့ကောင်စီက ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုဆုကို ရုပ်သိမ်းဖို့ မဲခွဲ ဆုံးဖြတ်

စကော့တလန် အရှေ့ပိုင်း ကမ်းခြေမြို့ဖြစ်တဲ့ ဒန်ဒီမြို့ရဲ့ ကောင်စီဝင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ လွတ်လပ်ခွင့်ဆုကို ပြန်ရုပ်သိမ်းဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

ဒန်ဒီမြို့ လွတ်လပ်ခွင့်ဆုကို ၂၀ဝ၈ ခုနှစ်မှာ မြို့ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ထောက်ခံမှု အဖြစ် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး နှိမ်နင်းမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ အချက်ကို ငြင်းဆိုတဲ့အတွက် အခုလို ရုပ်သိမ်းဖို့ ဆုံးဖြတ်တာ ဖြစ်တယ်လို့ သည် ကော်ရီယာ သတင်းမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)