
0
321

 

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဗီဗီယန်ဘာလာကရစ်ရှ်နန် က နေရာတိုင်းမှာ အစွန်းရောက်ဝါဒီတွေ စာအုပ်ကြီးအတိုင်း      နည်းလမ်းတွေရှိနေပြီး အစွန်းရောက် ဝါဒီတွေရဲ့ ထောင်ချောက်ထဲ ဝင်မသွားဖို့ ဂရုစိုက်ရမှာဖြစ်ပြီး  ရခိုင်ကိစ္စဟာ  သမိုင်းကြောင်းအရရော        သိပ်ကိုရှုပ်ထွေး တဲ့ ပြည်တွင်းလူမှု ပြသနာတစ်ခုအဖြစ်ရှိနေတယ်လို့ လတ်တလောမဖြေရှင်းနိုင်ဘူးလို့  ပြောလိုက်ပါတယ်။   






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်ပြသာနာကို ချက်ချင်း ဖြေရှင်းလို့ မရနိုင်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဗီဗီယန်ဘာလာကရစ်ရှ်နန် က နေရာတိုင်းမှာ အစွန်းရောက်ဝါဒီတွေ စာအုပ်ကြီးအတိုင်း နည်းလမ်းတွေရှီနေပြီး အစွန်းရောက် ဝါဒီတွေရဲ့ ထောင်ချောက်ထဲ ဝင်မသွားဖို့ ဂရုစိုက်ရမှာဖြစ်ပြီး ရခိုင်ကိစ္စဟာ သမိုင်းကြောင်းအရရော သိပ်ကိုရှုပ်ထွေး တဲ့ ပြည်တွင်းလူမှု ပြသနာတစ်ခုအဖြစ်ရှိနေတယ်လို့ လတ်တလောမဖြေရှင်းနိုင်ဘူးလို့ ပြောလိုက်ပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဟာ ကုလသမဂ္ဂညီလာခံမိန့်ခွန်းမှာ အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက “အစွန်းရောက်ဝါဒီတွေမှာ စာအုပ်ကြီးအတိုင်း သုံး နေတဲ့ နည်းလမ်းတွေရှိတယ်။
ပထမဆုံးအနေနဲ့ သူတို့ဟာ ကမ်းကုန်အောင် ဆိုးသွမ်းတဲ့ အကြမ်းဖက်မှုတွေ လုပ်ပြမယ်။
ဒုတိယ အနေနဲ့ ဖြစ်ပေါ် လာတဲ့ နောက်ဆက်တွဲ အခြေအနေကို ဘာသာရေး တံဆိပ် ကပ်လိုက် မယ်။
တတိယ လုပ်မှာက ကြားဝင် စောင့်ကြည့်သူတွေအမြင်က သူတို့ဘက် ယိမ်းလာ အောင် အလွန်အကျွံ အမူပိုပြ တော့မယ်’’ လို့ပြောခဲ့ပါတယ်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး က အာဆီယံအနေနဲ့ မြန်မာအစိုးရရဲ့ နယ်စပ်ဒေသ တည်ငြိမ်မှုရအောင် ကြိုးပမ်းနေတာတွေကိုထောက်ခံတယ်လို့ လည်း ပြောခဲ့ပါတယ်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဟာ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်အရေးကိုဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)