တိုင္း FDA ေညာင္ပင္ေလးေစ်း ၀င္စစ္

0
353

အစားအေသာက္ အဓိက လက္ကားေရာင္းခ်တဲ့ လမ္းမေတာ္ၿမိဳ႕နယ္ ေညာင္ပင္ေလးေစ်းကို ရန္ကုန္တိုင္း အစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲေရးဌာနက ၀င္ေရာက္စစ္ေဆးခဲ့ျပီး စစ္ေဆးေတြ႕ရွိခ်က္မ်ား အေပၚမူတည္ကာ တင္သြင္းထုတ္လုပ္ ေရာင္းခ်သူမ်ားကို အေရးယူမႈမ်ားဆက္လက္ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

စက္တင္ဘာ ၂၅ ရက္မွာ တိုင္း FDA အဖြဲ႔က ၀င္စစ္ခဲ့တာျဖစ္ျပီး စားေသာက္ကုန္ ေရာင္းခ်တဲ့ ဆိုင္ေတြမွာ Formalin ထည့္သြင္းအသံုးျပဳေနတဲ့ အစားအေသာက္မ်ား(မုန္႔ဖတ္၊ ပဲျပား၊ အမဲေသြး)၊ ေရာေႏွာဆီမ်ား၊ င႐ုတ္သီးမႈန္႔မ်ားနဲ႔ ေထာက္ခံခ်က္မရွိတဲ့ ေသာက္ေရသန္႔မ်ားကို အဓိက စစ္ေဆးခဲ့တယ္လို႔ တိုင္းFDA သတင္းမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ေညာင္ပင္ေလးေစ်းရွိ ေဆးဆိုင္မ်ားနဲ႔ လမ္းမေတာ္ၿမိဳ႕နယ္အတြင္းရွိ ေဆးဆိုင္မ်ားမွာ ျမန္မာႏိုင္ငံေဆး၀ါး မွတ္ပံုတင္အမွတ္မပါတဲ့ ေဆး၀ါးမ်ား ရာင္းခ်ျခင္းရွိ၊ မရွိ၊ သက္တမ္းလြန္ေဆး၀ါးမ်ား နဲ႔ စပ္ေဆးမ်ား ေရာင္းခ်ျခင္းရွိ၊ မရွိ တို႔ကိုလည္း စစ္ေဆးခဲ့ပါတယ္။
…………………… ။ ။…………………..

တိုင်း FDA ညောင်ပင်လေးဈေး ဝင်စစ်

အစားအသောက် အဓိက လက်ကားရောင်းချတဲ့ လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေးကို ရန်ကုန်တိုင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ဝင်ရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များ အပေါ်မူတည်ကာ တင်သွင်းထုတ်လုပ်ရောင်းချသူများကို အရေးယူမှုများဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၅ ရက်မှာ တိုင်း FDA အဖွဲ့က ဝင်စစ်ခဲ့တာဖြစ်ပြီး စားသောက်ကုန် ရောင်းချတဲ့ ဆိုင်တွေမှာ Formalin ထည့်သွင်းအသုံးပြုနေတဲ့ အစားအသောက်များ(မုန့်ဖတ်၊ ပဲပြား၊ အမဲသွေး)၊ ရောနှောဆီများ၊ ငရုတ်သီးမှုန့်များနဲ့ ထောက်ခံချက်မရှိတဲ့ သောက်ရေသန့်များကို အဓိက စစ်ဆေးခဲ့တယ်လို့ တိုင်းFDA သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ညောင်ပင်လေးဈေးရှိ ဆေးဆိုင်များနဲ့ လမ်းမတော်မြို့နယ်အတွင်းရှိ ဆေးဆိုင်များမှာ မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်မပါတဲ့ ဆေးဝါးများ ရာင်းချခြင်းရှိ၊ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ နဲ့ စပ်ဆေးများ ရောင်းချခြင်းရှိ၊ မရှိ တို့ကိုလည်း စစ်ဆေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)