ထိုင္းကို နမူနာယူျပီး ျမန္မာ့အားကစား တိုးတက္ေအာင္ လုပ္မယ္

0
361

ထိုင္းနုိင္ငံကို နမူနာယူၿပီး ျမန္မာ့ အားကစားဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္သြားမယ္လို႔ က်န္းမာေရး ႏွင္႔ အားကစားဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာပါတယ္။

စက္တင္ဘာ ၂၅ ရက္ေန႔က ေနျပည္ေတာ္မွာ ဆီးဂိမ္းျပိဳင္ပြဲဆုရခဲ႔တဲ႔ အားကစားသမားေတြကို ဆုခ်ီးျမွင္႔ပြဲ အျပီးမွာ ၀န္ၾကီးက သတင္းေထာက္ေတြကို ေျပာခဲ့တာျဖစ္ၿပီး သူ ထိုင္းအားကစား၀န္ႀကီးဆီကရခဲ့တဲ့ အားကစားနဲ႔ဆိုင္တဲ့ စီမံခ်က္ကုိ နမူနာယူလုပ္မွာျဖစ္တယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၉ ႀကိမ္ေျမာက္ မေလးရွားဆီးဂိမ္းျပိဳင္ပြဲမွာ ထိုင္းအားကစားအဖြဲ႔ဟာ အိမ္ရွင္ မေလးရွားရဲ႕ေနာက္ ဆုတံဆိပ္ေပါင္း ၂၄၀ ေက်ာ္နဲ႔ ႏိုင္ငံအလိုက္မွာ ဒုတိယခ်ိတ္ခဲ့ၿပီး ျမန္မာအားကစားအဖြဲ႔ကေတာ့ ဆုတံဆိပ္ေပါင္း ၃၀ေက်ာ္နဲ႔ အဆင့္ ၇ ခ်ိတ္ခဲ့တာ ျဖစ္ပါတယ္။
……………………. ။ ။ …………………………

ထိုင်းကို နမူနာယူပြီး မြန်မာ့အားကစား တိုးတက်အောင် လုပ်မယ်

ထိုင်းနိုင်ငံကို နမူနာယူပြီး မြန်မာ့ အားကစားဖွံ့ဖြိုးတိုးတက်အောင် လုပ်သွားမယ်လို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ် ။

စက်တင်ဘာ ၂၅ ရက်နေ့က နေပြည်တော်မှာ ဆီးဂိမ်းပြိုင်ပွဲဆုရခဲ့တဲ့ အားကစားသမားတွေကို ဆုချီးမြှင့်ပွဲ အပြီးမှာ ဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပြီး သူ ထိုင်းအားကစားဝန်ကြီးဆီကရခဲ့တဲ့ အားကစားနဲ့ဆိုင်တဲ့ စီမံချက်ကို နမူနာယူလုပ်မှာဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာ ထိုင်းအားကစားအဖွဲ့ဟာ အိမ်ရှင် မလေးရှားရဲ့နောက် ဆုတံဆိပ်ပေါင်း ၂၄၀ ကျော်နဲ့ နိုင်ငံအလိုက်မှာ ဒုတိယချိတ်ခဲ့ပြီး မြန်မာအားကစားအဖွဲ့ကတော့ ဆုတံဆိပ်ပေါင်း ၃၀ကျော်နဲ့ အဆင့် ၇ ချိတ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)