ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေရာက္ ဟိႏၵဴေတြ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရ

0
400

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကို ေရာက္ေနတဲ့ ဟိႏၵဴေတြကို သီးသန္႔ခြဲထုတ္တာ၊ အမ်ိဳးသမီးေတြကို အစၥလာမ္ဘာသာထဲ ေျပာင္းဖို႔ အတင္းအက်ပ္ ပစ္မွတ္ထားခံေတြ ျဖစ္ပြားေနပါတယ္။

နဖူးမွာ အနီစက္မတို႔ဖို႔ ဖိအားေပးခံရတဲ့အျပင္ မြတ္စလင္ေတြကို လက္ထပ္ၿပီး ဘာသာေျပာင္းဖို႔လည္း အတင္းအက်ပ္ ေစခိုင္းခံေနရတယ္လို႔ ဟိႏၵဴအမ်ိဳးသမီးေတြက ေဒးလီးေမးလ္ သတင္းေထာက္ေတြကို ေျပာပါတယ္။ ဟိႏၵဴေတြကို ေရြးထုတ္ၿပီး သီးသန္႔ ေနရာခ်ထားေတြလည္း ရွိပါတယ္။

ရခိုင္ျပည္နယ္ ပဋိပကၡအတြင္း ခင္ပြန္းေသဆံုးၿပီးေနာက္ ဒုကၡသည္စခန္းကို ေရာက္လာတဲ့ ဟိႏၵဴ အမ်ိဳးသမီးေတြဟာ မြတ္စလင္ေတြနဲ႔ လက္ထပ္ဖို႔ အက်ပ္ကိုင္ခံရၿပီး နာမည္ကိုပါ ေျပာင္းၾကရေၾကာင္းနဲ႔ လူမရွိတဲ့ေနရာကို ေခၚသြားၿပီး ဘာသာ မေျပာင္းရင္ သတ္ျဖတ္မယ္လို႔ ေျပာခဲ့ေၾကာင္း ဟိႏၵဴအမ်ိဳးသမီးေတြက ေျပာပါတယ္။

ေဒးလီးေမးလ္ သတင္းဌာနက ေကာက္ဘဇားခ႐ိုင္ထဲမွာ ရွိတဲ့ ဒုကၡသည္စခန္းကို သြားေရာက္ၿပီး ဟိႏၵဴအမ်ိဳးသမီးေတြကို ေတြ႔ဆံုေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် ဟိန္ဒူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို ရောက်နေတဲ့ ဟိန္ဒူတွေကို သီးသန့်ခွဲထုတ်တာ၊ အမျိုးသမီးတွေကို အစ္စလာမ်ဘာသာထဲ ပြောင်းဖို့ အတင်းအကျပ် ပစ်မှတ်ထားခံတွေ ဖြစ်ပွားနေပါတယ်။

နဖူးမှာ အနီစက်မတို့ဖို့ ဖိအားပေးခံရတဲ့အပြင် မွတ်စလင်တွေကို လက်ထပ်ပြီး ဘာသာပြောင်းဖို့လည်း အတင်းအကျပ် စေခိုင်းခံနေရတယ်လို့ ဟိန္ဒူအမျိုးသမီးတွေက ဒေးလီးမေးလ် သတင်းထောက်တွေကို ပြောပါတယ်။ ဟိန္ဒူတွေကို ရွေးထုတ်ပြီး သီးသန့် နေရာချထားတွေလည်း ရှိပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ခင်ပွန်းသေဆုံးပြီးနောက် ဒုက္ခသည်စခန်းကို ရောက်လာတဲ့ ဟိန္ဒူ အမျိုးသမီးတွေဟာ မွတ်စလင်တွေနဲ့ လက်ထပ်ဖို့ အကျပ်ကိုင်ခံရပြီး နာမည်ကိုပါ ပြောင်းကြရကြောင်းနဲ့ လူမရှိတဲ့နေရာကို ခေါ်သွားပြီး ဘာသာ မပြောင်းရင် သတ်ဖြတ်မယ်လို့ ပြောခဲ့ကြောင်း ဟိန္ဒူအမျိုးသမီးတွေက ပြောပါတယ်။

ဒေးလီးမေးလ် သတင်းဌာနက ကောက်ဘဇားခရိုင်ထဲမှာ ရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဟိန္ဒူအမျိုးသမီးတွေကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)