
0
368




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်အဖြစ် ဘင်္ဂလားဒေ့ရှ် အစိုးရ အသိအမှတ် မပြုလို

ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း ထွက်ပြေးလာသူတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဝန်လေးနေပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးဖို့ အကြိမ်များစွာ ပြောဆိုပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရက တုံ့ပြန်ခြင်း မရှိပါဘူး။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးလိုက်ရင် မြန်မာနိုင်ငံဘက်ကို ပြန်ပို့ဖို့ ခက်ခဲလိမ့်မှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အဆင့်မြင့် အရာရှိတချို့က ပြောပါတယ်။ ကောက်ဘဇားဒေသမှာ ဒုက္ခသည်တွေ ကြီးစိုးနေမှာကိုလည်း စိုးရိမ်တယ်လို့ အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)