
0
364

စက်တင်ဘာ ၂၄ ရက်က တွေ့ရှိခဲ့တဲ့ မောင်တောမြို့နယ်၊ ရဲဘော်ကျကျေးရွာနားမှာပဲ မြေကျင်းတူးပြီးမြှုပ်ထားတဲ့ ရုပ်အလောင်းတွေကို တူးဖော်တွေ့ရှိ ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေသတ်ဖြတ်ပြီး မြှုပ်နှံခဲ့တဲ့ ဟိန္ဒူ ရုပ်အလောင်းတွေဟာ ရဲဘော်ကျကျေးရွာနေ ဟိန္ဒူဘာသာဝင်တွေဖြစ်တယ်လို့ ဒေသခံဟိန္ဒူဘာသာဝင်တွေက ပြောတယ်လို့လည်း အစိုးရသတင်းမှာ ဖော်ပြပါတယ်။

တူးဖော်တွေ့ရှိတဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာစိစစ်ခဲ့ရာမှာ လက်ပြန်ကြိုးတုပ်လျက် တွေ့ရှိရပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ချွန်ထက်တဲ့ အရာတွေနဲ့ ထိုးသွင်းထားတဲ့ ဒဏ်ရာများကြောင့် လွန်ခဲ့တဲ့ တစ်လခန့်က သေဆုံးခဲ့ခြင်းဖြစ်တယ်။

ရုပ်အလောင်းတွေကို ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ကာ ဒဏ်ရာ၊ ဒဏ်ချက်များအား အသေးစိတ် စိစစ်ပြီး ဥပဒေနဲ့ အညီ အမှုဖွင့်အရေးယူသွားမယ်။
ဟိန္ဒူဘာသာဝင်များရဲ့ ထုံးတမ်းစဉ်လာနဲ့အညီ သင်္ဂြုဟ်သွားမယ်လို့ အစိုးရသတင်းမှာ ရေးသား ဖော်ပြထားပါတယ်။

သြဂုတ် ၂၅ ရက်ကစတင်ခဲ့တဲ့ ရခိုင်အကြိမ်းဖက်တိုက်ခိုက်မှုတွေအတွင်း ဟိန္ဒူဘာသာဝင် ၁၀၀ ကျော် ပျောက်ဆုံးခဲ့တာဖြစ်ပြီး အခုတော့ မြေကျင်းတူးမြှုပ်ထားတဲ့ ရုပ်အလောင်း ၄၅ လောင်း တူးဖော်တွေ့ရှိထားတာ ဖြစ်ပါတယ်။
…………………….. ။ ။ ………………………..

မောင်တောမှာ ဟိန္ဒူ ရုပ်အလောင်း ၁၇ လောင်း ထပ်မံတူးဖော်ရရှိ

မောင်တောမှာ ဟိန္ဒူ ရုပ်အလောင်း ၁၇ လောင်း ထပ်မံတူးဖော်ရရှိခဲ့ပြီး နှစ်ရက်အတွင်း ရုပ်အလောင်း ၄၅လောင်း တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာ ၂၄ရက်ကတွေ့ရှိခဲ့တဲ့ ၊မောင်တောမြို့နယ်၊ရဲဘော်ကျကျေးရွာနားမှာပဲ မြေကျင်းတူးပြီးမြှပ်ထားတဲ့ ရုပ်အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေသတ်ဖြတ်ပြီး မြှပ်နှံခဲ့တဲ့ ဟိန္ဒူ ရုပ်အလောင်းတွေဟာ ရဲဘော်ကျကျေးရွာနေ ဟိန္ဒူဘာသာဝင်တွေဖြစ်တယ်လို့ ဒေသခံဟိန္ဒူဘာသာဝင်တွေကပြောတယ်လို့လည်း အစိုးရသတင်းမှာ ဖော်ပြပါတယ်။
တူးဖော်တွေ့ရှိတဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်ရာစိစစ်ခဲ့ရာမှာ လက်ပြန်ကြိုးတုပ်လျက် တွေ့ရှိရပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ချွန်ထက်တဲ့ အရာတွေနဲ့ ထိုးသွင်းထားတဲ့ ဒဏ်ရာများကြောင့် လွန်ခဲ့တဲ့ ၁ လခန့်က သေဆုံးခဲ့ခြင်းဖြစ်တယ်။
ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ကာ ဒဏ်ရာ၊ ဒဏ်ချက်များအား အသေးစိတ် စိစစ်ပြီး ဥပဒေနဲ့ အညီ အမှုဖွင့်အရေးယူသွားမယ်။
ဟိန္ဒူဘာသာဝင်များရဲU ထုံးတမ်းစဉ်လာနဲ့အညီ သင်္ဂြုဟ်သွားမယ်လို့ အစိုးရသတင်းမှာ ရေးသား ဖော်ပြထား ပါတယ်။
သြဂုတ် ၂၅ ရက်ကစတင်ခဲ့တဲ့ ရခိုင်အကြိမ်းဖက်တိုက်ခိုက်မှုတွေအတွင်း ဟိန္ဒူဘာသာဝင် ၁၀ဝ ကျော် ပျောက်ဆုံးခဲ့တာဖြစ်ပြီး အခုတော့ မြေကျင်းတူးမြှပ်ထားတဲ့ ရုပ်အလောင်း ၄၅လောင်း တူးဖော်တွေ့ရှိထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)