လူငယ္ေရးရာေကာ္မတီကဦးေဆာင္ၿပီး လူငယ္ႏွီးေႏွာဖလွယ္ပြဲျပဳလုပ္မယ္

0
82

ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာ ေကာ္မတီက ဦးေဆာင္ၿပီး လူငယ္ႏွီးေႏွာဖလွယ္ပြဲျပဳလုပ္သြား ဖို႔ရွိေနပါတယ္။ ဒီသတင္း ကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ထားပါတယ္။

လူငယ္ႏွီးေႏွာဖလွယ္ပြဲမွာ တိုင္းေဒသႀကီးနဲ႔ျပည္နယ္ေတြမွာ လူငယ္ေတြ ေတြ႕ႀကံဳေနရတဲ့အခက္အခဲေတြ၊ စိန္ေခၚမႈ ေတြနဲ႔ပတ္ သက္ၿပီးေျပာဆိုေဆြးေႏြးၾကမွာျဖစ္သလို ေရရွည္မွာ  တိုင္းနဲ႔ျပည္နယ္က လူငယ္ေရးရာေတြကို ပူးေပါင္းေဆာင္ ရြက္ခ်ိတ္ဆက္လို႔ရမယ့္ နည္းလမ္းေတြကို အဓိကထားေျပာသြားမွာျဖစ္ပါတယ္။

 Soundbite ;ကိုဒီၿငိမ္းလင္း (အတြင္းေရးမွဴး)  ရန္ကုန္တိုင္းေဒသႀကီး၊လူငယ္ေရးရာေကာ္မတီ

ဒီႏွီးေႏွာဖလွယ္ပြဲမွာ ဧရာ၀တီေဒသႀကီး၊ပဲခူးတိုင္းေဒသႀကီးအပါအ၀င္ မြန္ျပည္နယ္နဲ႔ ကရင္ျပည္နယ္က လူငယ္ေရးရာေကာ္မတီရဲ႕လူငယ္ေတြကိုဖိတ္ေခၚၿပီးေဆြးေႏြးသြားမွာပါ။ ပြဲျပဳလုပ္ႏုိင္ဖို႔ကို ရန္ကုန္တကၠသိုလ္စိန္ရတုခန္းမ နဲ႔ တိုင္းေဒသႀကီးအစိုးရ ပိုင္ေျမ ေနရာ ေတြမွာျပဳလုပ္ဖို႔စီစဥ္ထားတာပါ။

  Soundbite ;ကိုဒီၿငိမ္းလင္း (အတြင္းေရးမွဴး)  ရန္ကုန္တိုင္းေဒသႀကီး၊လူငယ္ေရးရာေကာ္မတီ

ဒါ့အျပင္ေကာ္မတီအေနနဲ႔ အျပည္ျပည္ဆိုင္ရာၿငိမ္းခ်မ္းေရးေန႔အခမ္းအနားမွာ လူငယ္ေတြရဲ႕ၿငိမ္းခ်မ္း ေရးပါ၀င္ မႈအခန္းက႑၊ လူငယ္ေတြရဲ႕ အသံေတြက ဘယ္လိုရွိေနလဲဆိုတာကို လုပ္သြားဖို႔ရွိသလိုလူ ငယ္ေတြရဲ႕ အလုပ္ အကိုင္ရွားပါးမႈျပႆနာနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဟာေျပာပြဲေတြကိုလုပ္ေဆာင္ သြားဖို႔ရွိေနပါတယ္ရွင္။

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီက ဦးဆောင်ပြီး လူငယ်နှီးနှောဖလှယ်ပွဲပြုလုပ်သွား ဖို့ရှိနေပါတယ်။ ဒီသတင်း ကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

လူငယ်နှီးနှောဖလှယ်ပွဲမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ လူငယ်တွေ တွေ့ကြုံနေရတဲ့အခက်အခဲတွေ၊ စိန်ခေါ်မှု တွေနဲ့ပတ် သက်ပြီးပြောဆိုဆွေးနွေးကြမှာဖြစ်သလို ရေရှည်မှာ တိုင်းနဲ့ပြည်နယ်က လူငယ်ရေးရာတွေကို ပူးပေါင်းဆောင် ရွက်ချိတ်ဆက်လို့ရမယ့် နည်းလမ်းတွေကို အဓိကထားပြောသွားမှာဖြစ်ပါတယ်။

Soundbite ;ကိုဒီငြိမ်းလင်း (အတွင်းရေးမှူး) ရန်ကုန်တိုင်းဒေသကြီး၊လူငယ်ရေးရာကော်မတီ

ဒီနှီးနှောဖလှယ်ပွဲမှာ ဧရာဝတီဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအပါအဝင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က လူငယ်ရေးရာကော်မတီရဲ့လူငယ်တွေကိုဖိတ်ခေါ်ပြီးဆွေးနွေးသွားမှာပါ။ ပွဲပြုလုပ်နိုင်ဖို့ကို ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ နဲ့ တိုင်းဒေသကြီးအစိုးရ ပိုင်မြေ နေရာ တွေမှာပြုလုပ်ဖို့စီစဉ်ထားတာပါ။

Soundbite ;ကိုဒီငြိမ်းလင်း (အတွင်းရေးမှူး) ရန်ကုန်တိုင်းဒေသကြီး၊လူငယ်ရေးရာကော်မတီ

ဒါ့အပြင်ကော်မတီအနေနဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားမှာ လူငယ်တွေရဲ့ငြိမ်းချမ်း ရေးပါဝင် မှုအခန်းကဏ္ဍ၊ လူငယ်တွေရဲ့ အသံတွေက ဘယ်လိုရှိနေလဲဆိုတာကို လုပ်သွားဖို့ရှိသလိုလူ ငယ်တွေရဲ့ အလုပ် အကိုင်ရှားပါးမှုပြဿနာနဲ့ ပတ်သက်ပြီးတော့လည်း ဟောပြောပွဲတွေကိုလုပ်ဆောင် သွားဖို့ရှိနေပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)