နေရပ်ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပြည်တွင်းမှာ အလုပ်အကိုင်ဖန်တီးပေးမယ်
0
102
ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိတို့လုပ်ကိုင်ခဲ့တဲ့လုပ်ငန်း အလိုက်ကျွမ်းကျင်မှုအပေါ်မူတည်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်ဖန်တီးပေးနိုင်ဖို့  ကိုရီးယားနိုင်ငံ ၊ဂျပန်နိုင်ငံတို့နဲ့ပူးပေါင်းပြီး Happy Return Programme နဲ့ Job Matching Event တို့ကိုဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်း ၀န်ဦးမျိုးအောင်က ပြောကြားလိုက်ပါတယ်။
ပြည်ပကနေပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပြည်တွင်းမှာ အလုပ်အကိ်ုင်ဖန်တီးပေးနိုင်ဖို့ ကိုရီးယားနိုင်ငံအပါအဝင် ဂျပန်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သက်နောင်စိုးက တင်ဆက်ပေးထားပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိတို့လုပ်ကိုင်ခဲ့တဲ့လုပ်ငန်း အလိုက်ကျွမ်းကျင်မှုအပေါ်မူတည်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်ဖန်တီးပေးနိုင်ဖို့ ကိုရီးယားနိ်ုင်ငံ ၊ဂျပန်နိုင်ငံတို့နဲ့ပူးပေါင်းပြီး Happy Return Programme နဲ့ Job Matching Event တို့ကိုဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန်ဦးမျိုးအောင်က ပြောကြားလိုက်ပါတယ်။
Sound Bite ဦးမျိုးအောင် (အမြဲတမ်းအတွင်းဝန်)
အလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်တွင်းမှာ လာရောက်ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြားသားလုပ်ငန်းရှင်တွေက ပြန်လည်ရောက်ရှိလာတဲ့ ရွှေ့ပြောင်း လုပ်သားတွေကို အလုပ်အကိုင် အမျိုးအစားအလိုက် ခေါ်ယူမှုတွေရှိနေတာဖြစ်ပြီး အလုပ်အကိုင်ရရှိတဲ့ လုပ်သားတွေကို ပြည်တွင်း လုပ်အားခထက် ပိုမိုရရှိနိုင်တယ်လို့လည်း အမြဲတမ်း အတွင်းဝန်က ပြောပါတယ်။
Sound Bite ဦးမျိုးအောင် (အမြဲတမ်းအတွင်းဝန်)
အလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတုန်းကလည်း ကိုရီယားပြန် မြန်မာလုပ်သား ၁၀ဝ နီးပါး အလုပ်အကိုင် ရရှိနိုင်ဖို့ရည်ရွယ်ပြီး ပြည်တွင်းရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သီလဝါစက်မှုဇုန်က ကိုရီးယားနိုင်ငံသား လုပ်ငန်းရှင်တွေ ရွှေပြည်သာစက်မှုဇုန်က လုပ်ငန်းရှင်တွေ၊ မရမ်းကုန်း စက်မှုဇုန်က ကိုရီးယား လုပ်ငန်းရှင်တွေ လုပ်သားခေါ်ယူမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)