
0
145




ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့တွေကို အစားအသောက်နဲ့ ငွေလှူဒါန်း

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစ္စလာမ်နဲ့ ခရစ္စယာန် ဘာသာရေး အသင်းအဖွဲ့တွေကို ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က နေပြည်တော် ပျဉ်းမနားမြို့၊ စိန့်မိုက်ကယ် ကက်သလစ်ဘုရားကျောင်းနဲ့ ဦးကျေး ဂျာမေ့ဗလီတွေကို သွားရောက်ပြီး ခရစ်ယာန် ဘာသာရေးအသင်းအဖွဲ့တွေနဲ့ အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့တွေကို သွားရောက်လှူဒါန်းခဲ့တာပါ။

ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနဲ့ နတ်ကိုးကွယ်တဲ့ ဘာသာတွေကို ကိုးကွယ်ရာ ဘာသာတွေလို့ အသိအမှတ်ပြုထားကြောင်း လှူဒါန်းပွဲအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)