
0
138




အိန္ဒိယ ကြည်းတပ်ဦးစီးချုပ်က တပ်မတော်ကို မော်တော်ယာဉ်တွေ လက်ဆောင်ပေး

အိန္ဒိယစစ်တပ် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင် ရာဝပ်က မြန်မာ့တပ်မတော်ကို TATA SAFARI STORME GS-800 (RHD) အမျိုးအစား မော်တော်ယာဉ်တွေ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ အိန္ဒိယစစ်တပ် ကြည်းတပ် ဦးစီးချုပ်က လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

လွှဲပြောင်းပေးတဲ့ TATA SAFARI STORME GS-800 (RHD) အမျိုးအစား မော်တော်ယာဉ် ၁၀ စီးကို မြန်မာ့တပ်မတော်က စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက လက်ခံရယူခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)