FFM အစီရင္ခံစာေၾကာင့္ ဖက္ရွင္ တံဆိပ္တခ်ိဳ႕ ျမန္မာႏိုင္ငံမွာ ဆက္မလုပ္ဖို႔ စဥ္းစား

0
151

ကုလသမဂၢက ဖြဲ႔စည္းေပးထားတဲ့ ႏိုင္ငံတကာ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ (FFM) ရဲ႕ တပ္မေတာ္နဲ႔ ပတ္သက္တဲ့ အစီရင္ခံစာေၾကာင့္ ျမန္မာႏိုင္ငံ စက္မႈဇုန္ေတြရွိ အထည္ခ်ဳပ္စက္႐ံုေတြနဲ႔ ဆက္သြယ္ ေဆာင္ရြက္ေနတဲ့ ဖက္ရွင္ တံဆိပ္တခ်ိဳ႕ ျမန္မာႏိုင္ငံရွိ တပ္မေတာ္နဲ႔ ပတ္သက္တဲ့ ကုမၸဏီေတြနဲ႔ အလုပ္ ဆက္မလုပ္ဖို႔ စဥ္းစားေနေၾကာင္း နစ္ကီေအးရွန္း ရီဗ်ဴး သတင္းမွာ ေဖာ္ျပထားပါတယ္။

တပ္မေတာ္ဟာ ဘဂၤါလီ မြတ္စလင္ေတြ အေပၚမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ လုပ္ခဲ့တယ္ဆိုတဲ့ FFM ရဲ႕ မၾကာေသးခင္က အစီရင္ခံစာေၾကာင့္ ဖက္ရွင္တံဆိပ္တစ္ခုျဖစ္တဲ့ Esprit က တပ္မေတာ္နဲ႔ ပတ္သက္ေနတဲ့ အထည္ခ်ဳပ္ စက္႐ံုနဲ႔ ဆက္လက္ အလုပ္မလုပ္ေတာ့ဘူးလို႔ ေျပာပါတယ္။ အလားတူ H&M နဲ႔ Bestseller ဖက္ရွင္ေတြကလည္း အေျခအေနကို သံုးသပ္မယ္လို႔ ေျပာၾကပါတယ္။

နစ္ကီေအးရွန္း ရီဗ်ဴးရဲ႕ ထုတ္ေဖာ္ ေရးသားခ်က္အရ အဝတ္အထည္ ဖက္ရွင္ ကုမၸဏီေတြဟာ ျမန္မာႏိုင္ငံရွိ စက္မႈဇုန္ ႏွစ္ခုမွာ တပ္မေတာ္ပိုင္ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ (MEHL) နဲ႔ ပတ္သက္ေနပါတယ္။

<<<<<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ တပ်မတော်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကြောင့် မြန်မာနိုင်ငံ စက်မှုဇုန်တွေရှိ အထည်ချုပ်စက်ရုံတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတဲ့ ဖက်ရှင် တံဆိပ်တချို့ မြန်မာနိုင်ငံရှိ တပ်မတော်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေနဲ့ အလုပ် ဆက်မလုပ်ဖို့ စဉ်းစားနေကြောင်း နစ်ကီအေးရှန်း ရီဗျူး သတင်းမှာ ဖော်ပြထားပါတယ်။

တပ်မတော်ဟာ ဘင်္ဂါလီ မွတ်စလင်တွေ အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ FFM ရဲ့ မကြာသေးခင်က အစီရင်ခံစာကြောင့် ဖက်ရှင်တံဆိပ်တစ်ခုဖြစ်တဲ့ Esprit က တပ်မတော်နဲ့ ပတ်သက်နေတဲ့ အထည်ချုပ် စက်ရုံနဲ့ ဆက်လက် အလုပ်မလုပ်တော့ဘူးလို့ ပြောပါတယ်။ အလားတူ H&M နဲ့ Bestseller ဖက်ရှင်တွေကလည်း အခြေအနေကို သုံးသပ်မယ်လို့ ပြောကြပါတယ်။

နစ်ကီအေးရှန်း ရီဗျူးရဲ့ ထုတ်ဖော် ရေးသားချက်အရ အဝတ်အထည် ဖက်ရှင် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံရှိ စက်မှုဇုန် နှစ်ခုမှာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ ပတ်သက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)