ေတာင္ကိုရီးယား သမၼတ ျမန္မာႏိုင္ငံကို အလည္အပတ္ လာေရာက္မယ္

0
103

ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းဟာ လာမယ့္ သီတင္းပတ္အတြင္း ထိုင္း၊ ျမန္မာနဲ႔ လာအိုႏိုင္ငံတို႔ကို သံတမန္ ဆက္ဆံေရး ပိုမိုအားေကာင္းေစဖို႔ လာေရာက္လည္ပတ္မွာ ျဖစ္ပါတယ္။

စက္တင္ဘာလ ၁ ရက္ေန႔ကစၿပီး အေရွ႕ေတာင္အာရွ သံုးႏိုင္ငံကို ေျခာက္ရက္ၾကာ လာေရာက္လည္ပတ္မွာ ျဖစ္တယ္လို႔ ေတာင္ကိုရီးယား သမၼတ႐ံုးက ထုတ္ျပန္ေၾကညာပါတယ္။ စက္တင္ဘာ ၁ ရက္ေန႔မွာ ထိုင္းႏိုင္ငံကို စတင္ ေရာက္ရွိမွာ ျဖစ္ၿပီး စက္တင္ဘာ ၃ ရက္ေန႔မွာ ျမန္မာႏိုင္ငံကို ေရာက္ရွိမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ ႏွစ္ရက္တာ ခရီးစဥ္အတြင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္တို႔နဲ႔ ေတြ႔ဆံုမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ လာအိုႏိုင္ငံကို ဆက္လက္ ထြက္ခြာမွာ ျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွ သံုးႏိုင္ငံဟာ သမၼတ မြန္ေဂ်အင္းအတြက္ “ေတာင္ပိုင္း မူဝါဒသစ္” ျဖစ္တယ္လို႔ သမၼတ႐ံုး ေျပာခြင့္ရသူ ကိုမင္ဂြ်န္းက ေျပာပါတယ္။

<<<<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယား သမ္မတ မြန်မာနိုင်ငံကို အလည်အပတ် လာရောက်မယ်

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းဟာ လာမယ့် သီတင်းပတ်အတွင်း ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံတို့ကို သံတမန် ဆက်ဆံရေး ပိုမိုအားကောင်းစေဖို့ လာရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အရှေ့တောင်အာရှ သုံးနိုင်ငံကို ခြောက်ရက်ကြာ လာရောက်လည်ပတ်မှာ ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ကြေညာပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံကို စတင် ရောက်ရှိမှာ ဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ နှစ်ရက်တာ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက် လာအိုနိုင်ငံကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ သုံးနိုင်ငံဟာ သမ္မတ မွန်ဂျေအင်းအတွက် “တောင်ပိုင်း မူဝါဒသစ်” ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ကိုမင်ဂျွန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)