ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးအပါဝင် ၄ ဦး အသတ်ခံရ

0
344

မောင်တောမြို့နယ် မြောက်ပိုင်းရှိ လိပ်ရကျေးရွာတွင် သြဂုတ် ၂၅ ရက်ညပိုင်းက ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးအကူ နဲ့ အစိုးရသတင်းပေးဟု သံသယရှိသူတို့ကို အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက သတ်သွားခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

သတ်ဖြတ်ခံရသူများမှာ လိပ်ရကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူး ဆွေတာလောင် ၊ ရာအိမ်မှူး ဆိုက်ကူလာ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအကူ ဖော်တာတူလာ နဲ့ အစိုးရသတင်းပေးလို့ သံသယရှိသူ အလယ်သံကျော် ကျေးရွာနေ ဇာဟိတ်တူဆောင်း(ဘ) ဆာလေ (၃၇)နှစ်တို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)