မောင်တောမြို့ပေါ်မှာ ဘင်္ဂါလီ လူပ်ရှားမှုတွေ ရှိနေတာကြောင့် မြို့လူထုအထူးစိုးရိမ်

0
277

မောင်တော်မြို့ပ်ါမှာ နောက်ဆုံးအခြေအနေတွေအရ ဘင်္ဂါလီတွေလူပ်ရှားမှုတွေ ရှိနေတာကြောင့် မြို့ခံလူထုက အထူးစိုးရိမ်နေကြတယ်လို့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က MCN သတင်းဌာနကို ပြောပါတယ်။

လက်ရှိအခြေအနေအရ မောင်တောမြို့ပေါ်မှာ ရခိုင်လူမျိုးအနည်းငယ်သာရှိပြီး ဘင်္ဂါလီတွေက အများအပြား ရှိနေတဲ့အခြေအနေဖြစ်တာကြောင့် လုံခြုံရေးစိတ်မချရတဲ့အခြေအနေရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေဟာ မောင်တောမြို့ကို နယ်မြေလုံခြုံရေးယူထားတဲ့ တပ်မတော်က ၀ိုင်းထားပြီး ရှာဖွေစစ်ဆေးမှုတွေပြုလုပ်မယ့် အခြေအနေရှိနေတာကြောင့် ပြန်လည်ခုခံဖို့ ဘင်္ဂါလီတွေက ပြင်ဆင်နေ ဖွယ်ရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။

လက်ရှိနောက်ဆုံးအခြေအနေတွေအရ ဘင်္ဂါလီအကြမ်းဖတ်တွေက မောင်တောမြို့အနီးမှာ တပ်မတော် စစ်ကြောင်းကို ပြန်လည် တိုက်ခိုက်မူတွေရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)