နတ်မြစ်မှာ သောင်တင်နေတဲ့ ဘင်္ဂါလီ ၁၀၀၀ ကို ဝင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်ဆို

0
380

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့ ထွက်ပြေးခဲ့တဲ့ ဘင်္ဂါလီ ၁၀၀၀ ဟာ ဘင်္ဂလား နဲ့ မြန်မာ နိုင်ငံနယ်စပ် နတ်မြစ်မှာ သောင်တင်နေပြီး အဲဒီ သူတွေကို ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေရှ့် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ် ၂၅ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့ရာ အကြမ်းဖက်သမား ၇၇ ဦးအပါဝင်လုံခြုံရေး တပ်ဖွဲ့ဝင် ၁၂ ဦး ၊ စုစုပေါင်း ၈၉ ဦးသေဆုံးခဲ့တယ်လို့ မြန်မာ အစိုးရ ကပြောထားပါတယ်။

ကော့ဘဇာဒေသ ဒုတိယ ကော်မရှင်နာ မိုဟာမက်အလီဟူစိန်က ” မြန်မာ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကိုပိုင်ခြားထားတဲ့ နတ်မြစ် ထဲမှာ ဘင်္ဂလီ ၁၀၀၀ ပိတ်မိနေပြီးအဲဒီ သူတွေ ဟာဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ဝင်ဖို့ ကြိုးပမ်းနေရာ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ဝင်ဖို့ခွင်ပြုမှာမဟုတ်ဘူး “လို့ ပြောပါတယ်။

အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေကြောင့် အစိုးရဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ထွေအုပ်ဝန်ထမ်းတွေကို ကယ်ထုတ်မှုတွေပြုလုပ်နေပြီး အချို့ကို ရဟတ်ယာဉ်သုံးကာ ကယ်ထုတ်နေတယ်လို့ ရခိုင်ပြည်နယ် အခြေစိုက် စစ်ဘက်တာဝန်ရှိသူကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)