အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မောင်တောမှာ စာသင်ကျောင်းတွေ ပိတ်ထား

0
301

အကြမ်းဖက်မှုများကြောင့် မောင်တောခရိုင်ရှိ အခြေခံပညာ စာသင်ကျောင်းတွေကို သြဂုတ်လ ၂၅ ရက်နေ့မှာ စတင်ပိတ်ထားပါတယ်။

မောင်တောဒေသခံတစ်ဦးက “၃ မြို့နယ် လုံး အားလုံး ကျောင်းပေါင်း ၄ဝဝ ကျော်ပိတ်ထားတယ်”လို့ပြောပါတယ်။ ။
အခုပိတ်လိုက်တဲ့ ကျောင်းတွေက မောင်တောမြို့နယ်မှာ စာသင်ကျောင်းပေါင်း ၁၈ဝ ကျော်၊ ဘူးသီးတောင်မြို့နယ်မှာ ကျောင်းပေါင်း ၂၂ဝ ကျော် နဲ့ ရသေ့တောင်မြို့နယ်က ကျောင်းပေါင်း ၂ဝ ကျော်တို့ဖြစ်ပါတယ်။

ဘင်္ဂါလီကျေးရွာတွေနဲ့ နီးကပ်နေတဲ့ နယ်ကျေးရွာတွေက နေရပ်ပြန်ဖို့ ပိတ်မိနေတဲ့ ဆရာမများအတွက်လည်း စုရပ်များထားရှိပြီး ပြန်လည်ခေါ်ဆောင်ပေးသွားဖို့စီစဉ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)